28 - A Sweet Ending

1K 56 7
                                    


'အီဂျဲနို နာဂျယ်မင်း ငါ မာ့ခ်ဟျောင်းနဲ့အရင်သွားနှင့်ပြီ ငါတို့စက်ဘီးတူတူစီးမလို့ကို ငါ့စက်ဘီးကပျက်နေလို့ ဂျယ်မင်းစက်ဘီးယူသွားတယ် မင်းတို့နှစ်ယောက်တစ်စီး စီးခဲ့ကြတော့ ချစ်တယ် အာဘွား'

ရေခဲသေတ္တာမှာ ကပ်ထားတဲ့ ဟဲချန်းရဲ့ စာတိုလေးကို ဆောင်ချန်းဆွဲဖြုတ်ပြီးဖတ်ကြည့်လိုက်သည်
ဘာသံမှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် ဂျယ်မင်းနဲ့ဂျဲနိုထွက်သွားနှင့်ကြပြီဆိုတာ သူ့စိတ်ကအလိုလိုသိနေသည်
မဟုတ်တောင် အချိန်ကနောက်ကျနေပြီဘဲ


နွေဦးရဲ့ တက္ကသိုလ်နောက်ဆုံးနှစ်များ

"အီဂျဲနို ဖြည်းဖြည်းနင်းပါဟ"
အသားကုန်ကုန်းအော်နေပေမယ့် လေတဝူးဝူးနဲ့မို့ ဂျယ်မင်းအသံကခပ်တိုးတိုးသာထွက်လာသည်
"ဖြည်းလို့မရဘူး နောက်ကျနေပြီနာဂျယ်မင်းရဲ့"
ရှေ့က စက်ဘီးကိုအားကုန်နင်းနေတဲ့ ဂျဲနိုက ပြန်အော်ပြောသည်
"ဒါပေမယ့် ငါပြုတ်ကျတော့မယ် ဂျဲနိုရဲ့"
"ဒါဆို ဖက်ထား"
"ဘာ"
"ငါ့ခါးကိုဖက်ထားလို့"
"အင်း"

စကားသံအဆုံးမှာ သူ့ခါးကို ခပ်တင်းတင်းဆွဲဖက်လာတဲ့လက်လေးတွေကြောင့် ဂျဲနို မျက်လုံးလေးတွေမှိတ်သွားတဲ့ထိ သဘောကျစွာပြုံးလိုက်သည်
"အင်း အဲ့လိုဖက်ထား မလွတ်သွားစေနဲ့ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"
"အင်း"
မနက်ခင်းလေအေး တဝူးဝူးကြားမှာ လတ်ဆတ်နေတဲ့ ဂျဲနိုကိုယ်သင်းနံ့လေးကို နောက်ကနေခိုးရှူရင်း နာဂျယ်မင်းတစ်ယောက် ပါးတွေရဲကာပြုံးဖြီးနေသည်
ဂျဲနိုရဲ့ဗိုက်သားရှပ်ရှပ်ကိုတင်းကြပ်နေအောင်ဖက်ထားလိုက်ချိန်ကစပြီး သူ့စိတ်ထဲ သူဘာမှမဖြစ်တော့ဘူးလို့ ယုံကြည်ပြီး လုံခြုံစိတ်ချသွားရတဲ့ ခံစားချက်ကိုလည်း သဘောကျနေမိတော့သည်

'ချစ်မိသွားတယ်ဆိုတာဒါမျိုးကိုး ဟီးဟီး'

ဂျဲနိုနဲ့ဂျယ်မင်းကျောင်းကိုရောက်တော့ ပထမနှစ်တွေ ကြိုဆိုပွဲစနေပြီမို့ ကျောင်းကလူတောင်သိပ်ရှုပ်မနေတော့
ကျောင်းသားသစ်ကြိုဆိုပွဲတွေကိုစိတ်မဝင်စားတဲ့ကျောင်းသားတွေနဲ့ အတန်းတက်ရမှာပျင်းတဲ့ကျောင်းသားတွေသာ ကျောင်းဝန်းထဲမှာ ဝေ့လည်ဝေ့လည်လျှောက်သွားနေကြသည်

Flowers of Spring (Nomin)Where stories live. Discover now