ဂျဲနိုကလောဘကြီးလွန်းတယ်
ဂျယ်မင်းကတော့ပေါ့ပေါ့လေးတွေးလွန်းတယ်မှားခဲ့တာကတော့နှစ်ယောက်လုံးဘဲ
နွေဦးရဲ့ကျောင်းဖွင့်ချိန်
မနက်ရှစ်နာရီ
နွေဦးရာသီအစပျိုးပြီမို့ နွေးနွေးထွေးထွေးရှိလွန်းလှတဲ့ နေရောင်ခြည်က မနက်ခင်းလေပြေအေးနဲ့အတူ ဂျယ်မင်းရဲ့အိပ်ခန်းထဲကို ဝေ့ဝဲဝင်ရောက်လာတယ်
တအီးအီးတအဲအဲနဲ့ အညောင်းဆန့်လိုက်ရင်း
ဂျယ်မင်းထထိုင်လိုက်တော့ ခါတိုင်းနဲ့မတူတဲ့အခန်းရဲ့မြင်ကွင်းကြောင့် မျက်စိပင်အတန်ငယ်ကျယ်သွားသည်
ညတုန်းကသတိမထားမိပေမယ့် ခုကျတော့လစ်ဟာနေလိုက်တာ
အခန်းက လူတစ်ယောက်နေထားသလို
ဘာပစ္စည်းမှရှုပ်ပွနေခြင်းမရှိဘဲ ရှင်းလင်းနေသည်
အခန်းထောင့်ကဘီရိုထဲမှာလည်း အိမ်နေရင်းဝတ်နှစ်ထည်သုံးထည်ကလွဲရင်ဘာမှမရှိတော့
သူ့အသုံးအဆောင်တွေအားလုံးကို လွန်ခဲ့တဲ့တစ်ပတ်က တစ်နှစ်စာ စာချုပ်ချုပ်ကာငှါးလိုက်တဲ့ တိုက်ခန်းဆီအကုန်ရွှေ့ပြီးသွားပြီလေ
ဂျယ်မင်းက တက္ကသိုလ်ကျောင်းသားဖြစ်ပြီမဟုတ်လား
မိဘအိမ်မှာ ကလေးလုပ်မနေတော့ဘဲ
ကိုယ့်ဟာကိုယ်ရပ်တည်ပြီးနေကြည့်ရတော့မှာပေါ့
ဒီနေ့မနက်က ဒီအခန်းမှာနိုးထလာရတဲ့နောက်ဆုံးမနက်ခင်းပင်
ဒီနေ့ညကစပြီး ဟိုတိုက်ခန်းမှာပြောင်းနေတော့မှာ
သူထပြီး သွားတိုက်မျက်နှာသစ် ရေချိုးကာ
ဆံပင်ကိုသေချာလေးပုံသွင်းလိုက်သည်
ဒီနေ့က တက္ကသိုလ်ပထမဆုံးနေ့ဆိုတော့ အမိုက်စားဖြစ်နေမှတော်ကာကျမည်
"တီတီတီ"
"ကျွတ် ပြော ဘာတုန်း"
တတီတီမြည်လာတဲ့ဖုန်းသံကြောင့် hair dryer ကိုကိုင်ထားရင်း စိတ်မရှည်စွာလှမ်းယူပြီး
ထူးလိုက်တော့ အဲ့တာ ဟဲချန်း
"နာဂျယ်မင်း! အနှေးကောင် အလယ်တန်းတည်းက ခုထိနောက်ကျလို့မဝနိုင်သေးဘူး ကိုးနာရီထိုးနေပြီ သွားကြစို့ဟ ငါတို့မင်းအိမ်ရှေ့မှာ"
"လာပြီ လာပြီ ဘယ်လိုဖြစ်နေလဲ"
နောက်ကျတဲ့သူ့အမှားမှန်းသိပေမယ့် ဂျယ်မင်းပြန်ခံအော်လိုက်ပြီး ဖုန်းချကာ ဆံပင်ပုံသွင်းခြင်းကိုလက်စသတ်လိုက်သည်
အောက်ထပ်ဆင်းခဲ့တော့ မေမေကထမင်းစားပွဲမှာမနက်စာစားနေသည်
"သား သွားတော့မှာလား မနက်စာရော"
"ကျောင်းရောက်မှစားတော့မယ်မေမေ နောက်ကျနေပြီမို့"
"လာပါဦး မေမေ့သားလေး"
လက်လှမ်းကြိုနေတဲ့မေမေ့အနားကိုသူသွားလိုက်တော့ မေမေကသူ့ပါးကိုသူမလက်ချောင်းသွယ်တွေနဲ့အုပ်ကိုင်လာသည်
"သားက မနက်ဖြန်ကစပြီးဒီအိမ်မှာမေမေတို့နဲ့အတူမနေတော့ဘူး မေမေ့ကလေးလေးက လူကြီးစလုပ်နေပြီ မေမေဝမ်းသာတယ်"
"မေမေကလည်း သားကဘယ်မှသွားတာလည်းမဟုတ် တစ်မြို့တည်းမှာဘဲရှိနေမှာကို သတိရရင်ဖုန်းဆက်လိုက် သားချက်ချင်းလာခဲ့မယ်နော်"
ဝမ်းသာတယ်လို့ပြောနေပေမယ့် မေမေကမျက်ရည်တွေဝဲနေတာကြောင့် ဂျယ်မင်းနှစ်သိမ့်ပေးလိုက်သည်
"ကဲကဲ သွားတော့ သားနောက်ကျနေတော့မယ်
တက္ကသိုလ်ပထမဆုံးရက်မှာ ကောင်မလေးချောချောလေးတွေကိုလိုက်ကြည့်ရဦးမယ်မလား"
မေမေကရယ်ပြောလေးပြောရင်း ဂျယ်မင်းကိုလွှတ်ပေးလိုက်တာမို့ သူလည်းရယ်ပြပြီးထွက်လာခဲ့လိုက်သည်
YOU ARE READING
Flowers of Spring (Nomin)
أدب الهواةအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော