နွေဦးရဲ့နှစ်သိမ့်မှုညနေလေးနာရီထိုးပြီဆိုတော့ စာမေးပွဲဖြေလို့ပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေအရှိုရှို ထွက်လာကြပြီ
နွေဝင်စပြုပြီမို့ တဖြည်းဖြည်းခြောက်သွေ့လာကြတဲ့ ရွက်ကြွေတွေကကျောင်းဝင်းအနှံ့အပြားဝဲလွင့်နေကြသည်
ကျောင်းပေါက်ဝနားမှာရပ်နေတဲ့ ဂျယ်မင်းတစ်ယောက်ကတော့ ခြေမငြိမ်လှ
လှုပ်လှုပ်ရွရွနဲ့ ကျောင်းထဲကထွက်လာမယ့်တစ်စုံတစ်ယောက်ကိုသာလည်ပင်းရှည်အောင်မျှော်နေသည်
"ရား နာဒယ်မန်း ဖြေနိုင်လား"
အော်ကျယ်အော်ကျယ်အသံနဲ့အတူ ဟဲချန်းလောင်န်ကျွင့်နဲ့ ရှုထရိုတို့ရောက်လာကြသည်
ဂျယ်မင်း ကျောင်းဝင်းထဲကိုအကြည့်မပျက်ခေါင်းသာငြိမ့်ပြလိုက်တော့ ဟဲချန်းကလှမ်းပြောသည်
"မျှော်မနေနဲ့ ဂျဲနိုကအစောကြီးထွက်သွားတာ"
"ဟမ် မင်းကဘယ်လိုသိလဲ"
"ရှိုထရိုတွေ့လိုက်တာ ဂျဲနိုက မင်ဟီးကားနဲ့ပါသွားတာတဲ့"
ထရိုကလည်း အစောကြီးဖြေပြီးထွက်သွားသူမို့ သူတွေ့လိုက်တာဖြစ်နိုင်သည်
ဂျယ်မင်း သေချာအောင်ရှိုထရိုကိုလှမ်းကြည့်လိုက်တော့ သူကခေါင်းငြိမ့်ပြသည်
"အမလေး စောင့်ကြပါဦး မောလိုက်တာ ကျွန်တော့်တစ်ယောက်တည်းထားခဲ့ပြီမှတ်တာ ဟောဟဲ"
ခုမှအသားကုန်ပြေးလာပြီး အမောဆို့နေတာကတော့ ဂျောင်ဆောင်ချန်း
"မင်းတို့နောက်ဆုံးနေ့ဘာသာကလွယ်တယ်ဆို ဘာလို့ကြာနေတာတုန်း"
"အခန်းထဲရောက်မှမေ့သွားလို့ ဟောဟဲ"
"အေးကောင်းတယ် စာမှမလုပ်တာ
ကဲကဲ လူစုံရင်သွားကြစို့ ငါ့အသံချိုချိုလေးကိုမင်းတို့ကိုကြွားချင်လှပြီ"
အီဟဲချန်းရဲ့ စကားအဆုံး အကုန်လုံးကဝိုင်းပြီးရှုံ့မဲ့ပြလိုက်ကြတော့သည်"It's your birthday now make a wish"
ဆိုလည်းဆို ကလည်းက ပေါက်ကရလေချွန်သံတွေပါလုပ်နေကြတဲ့ ဟဲချန်းနဲ့ဆောင်ချန်းကို လောင်န်ကျွင့်တစ်ယောက်သာ လက်ခုပ်တဖြောင်းဖြောင်းတီးကာအားပေးနေသည်
ရှိုထရိုက အခန်းထောင့်မှာ အေးဆေးထိုင်သောက်နေပြီး နားမခံနိုင်တော့တဲ့ဂျယ်မင်းကတော့ အခန်းထဲကခဏထွက်လာခဲ့လိုက်သည်
'ဂျဲနို မင်းဘယ်ရောက်နေတာလဲ'
ဂျယ်မင်း ဆယ်ကြိမ်မြောက် မက်ဆေ့ဂျ်ကိုပို့လိုက်ပြီး ခုထိ ရီပလိုင်းမဝင်လာသေးတဲ့ဖုန်းလေးကိုကြည့်နေမိသည်
ဘာများဖြစ်နေတာလဲကွာ
'တောင်'
ရုတ်တရက် ဝင်လာတဲ့ မက်ဆေ့ချ်သံကြောင့် ချက်ချင်းကြည့်လိုက်တော့ ဂျဲနိုဆီကပြန်စာရောက်နေပြီ
'ငါ့အစ်မ ဖုန်းဆက်တယ် ဒီညနေ မေမေအိမ်ပြန်လာမယ်ဆိုလို့ ငါခုအိမ်ကိုပြန်နေတာ ကြည့်ရတာ ဒီနေ့ငါ့မွေးနေ့ကို surprise လုပ်မလို့ထင်တယ် ဒီညတော့အိမ်မှာဘဲ အိပ်ဖြစ်မလားမသိဘူး
မင်းလည်းကောင်းကောင်းပျော်နော် ဂျယ်မင်းနား နောက်မှတွေ့မယ်'
ပြုံးနေတဲ့အီမိုဂျီလေးတွေခြံရံထားတဲ့ အမေချစ်ကောင်လေးရဲ့စာကိုကြည့်ပြီး ဂျယ်မင်းပြုံးလိုက်သည်
သူ့အိတ်ကပ်ထဲက လက်ဆောင်ဘူးလေးကိုတော့ ဂျဲနိုပြန်ရောက်မှဘဲပေးပါတော့မယ်လေ
ဂျယ်မင်း အခန်းထဲပြန်ဝင်ခဲ့တော့ ရှိုထရိုပါမကျန်လေးယောက်သားဆံပင်တုတွေနဲ့အသားကုန်သောင်းကျန်းနေကြပြီ
ဆိုနေကနေတဲ့သူငယ်ချင်းတွေကိုကြည့်ရင်း သူပါလိုက်ရယ်မိတော့သည်
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော