🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
Glitch Mode ကြည့်ပြီးကြပြီမလား
အရမ်းမိုက်တာဘဲ
Stream Glitch Mode!!!!!!!
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥ဂျဲနိုကရူးတော့မယ်
ဂျယ်မင်းက ဘာမှမသိနွေဦးရဲ့ရင်ခုန်သံများ - တတိယပိုင်း
"ဂျဲနို ဒီတစ်ခေါက်ရေးထားတာကတော့လုံးဝရှယ်ဘဲ ဟေ့ကောင်"
မာ့ခ်ဟျောင်းက တပြုံးပြုံးနဲ့ချီးကျူးတာကို ဂျဲနိုရယ်သာနေလိုက်သည်
ဒီတစ်ခေါက်သူရေးထားတဲ့သီချင်းကို ပထမဆုံးအနေနဲ့ မာ့ခ်ဟျောင်းကိုပြဖြစ်ခဲ့တာ
မာ့ခ်ကတော့ အရမ်းကြိုက်နေသည်
"ငါ့ဘေးနားမှာရှိနေတာတောင် မင်းကိုထပ်ပြီးတွေ့ချင်နေတုန်းဘဲတဲ့ ဟားဟား ဒီနေရာလေးအကြိုက်ဆုံးဘဲ"
ဂျဲနိုသီချင်းထဲကသူအကြိုက်ဆုံး စာသားတစ်ကြောင်းကို မာ့ခ်ကထုတ်ပြောလိုက်တာမို့ ဂျဲနိုပြုံးလိုက်မိသည်
ခံစားချက်တွေအပြည့်နဲ့ဖန်တီးခဲ့တဲ့ ဒီသီချင်းက ရည်ရွယ်သူရှေ့မှာများဆိုပြဖြစ်ခဲ့ရင် ဘယ်လောက်တောင်အသက်ဝင်နေလိုက်မလဲ
"ဒါနဲ့ သီချင်းနာမည်ဘယ်လိုပေးမလဲ ဂျဲနို"
"အသိသာကြီးမဟုတ်ဘူးလား ဟျောင်းရဲ့ သီချင်းထဲမှာလည်းပါနေတာ"
"ဘာလဲ Dive into you?"
"အင်း နောက်တစ်မျိုး 고래(ဝေလငါး) လို့လည်းစဉ်းစားထားတယ်"
ဝေလငါးကြီးက ရေလွှာပြင်ထုထဲကို ဒိုက်ဗင်ထိုးဝင်သွားသလိုမျိုး မင်းရင်ခွင်ထဲကိုတိုးဝင်ပစ်လိုက်ချင်တဲ့ခံစားချက်တွေ
"ဒီလောက်ဆို Semester အကုန်မှာတင်ရမယ့်ပရော့ဂျက်အတွက်တောင်သုံးလို့ရတယ် ဂျဲနို"
"အင်း အဲ့တာတော့မသေချာသေးဘူး လောလောဆယ်တော့ ဟဲချန်းနဲ့လောင်န်ကျွင့်မမြင်အောင်ဖွက်ထားမှရမယ် သူတို့နှစ်ယောက်ကလာမယ့်အပတ်ထဲလုပ်မယ့်ကျောင်းပွဲတော်မှာ ဖျော်ဖြေချင်လို့သီချင်းရွေးနေကြတာ ဒါကိုတွေ့သွားရင်တောင်းမှာသေချာတယ်"
ဟဲချန်းနာမည်ကြားတော့ စောစောကရွှင်လန်းနေတဲ့ မာ့ခ်မျက်နှာပြန်ညှိုးကျသွားသည်ကို ဂျဲနိုသတိထားမိသည်
"မာ့ခ်ဟျောင်း"
"ဟင်?"
"ဟဲချန်းနဲ့ဘာဖြစ်ထားကြတာလဲ"
"ဘာ ဘာမှမဖြစ်ပါဘူး"
မာ့ခ်ကခေါင်းတခါခါနဲ့ဘူးခံငြင်းသည်
"ဟျောင်းမပြောပြချင်ရင်မပြောပါနဲ့
အဲ့တာကကိစ္စမရှိဘူး ဒါပေမယ့်ဟျောင်း ဟဲချန်းကလေ ငယ်ငယ်တည်းက ဟျောင်းကိုဘယ်လောက်ချစ်လဲဟျောင်းသိတယ်မလား"
"...အင်း"
"သူမနေ့ညကအရက်တွေသောက်လာတယ်"
"...."
မာ့ခ်ကဘာမှပြန်မပြော
အောက်ကိုသာငုံ့ကြည့်နေပြီး အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုဖိထားသည်
"ဟျောင်း သူသဘောကျသလိုသဘောမကျနိုင်ဘူးဆိုရင်တောင်.....အင်း....ညင်ညင်သာသာလေးလွှတ်ချပေးဖို့ကြိုစားပေးကြည့်"
"ဂျဲနို...ငါ..."
"တစ်ဖက်သတ်အချစ်က ဘယ်လောက်ခံစားရခက်လဲ ဟျောင်းမသိလောက်ဘူး အဲ့တာက...တကယ်မလွယ်တာ"
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော