14 - Dive into you

563 44 1
                                    

"Love is never ever simple"
အချစ်ကဘယ်တော့မှမရိုးရှင်းဘူးတဲ့ ဂျယ်မင်းရဲ့

နွေဦးရဲ့စိတ်ရှုပ်ထွေးစေသောခံစားချက်များ

ပန်းနုရောင်ချယ်ရီပန်းတွေနဲ့ဝေစည်နေတဲ့ လမ်းလေးက အတော်လေးသာယာပြီး အေးအေးချမ်းချမ်းရှိလှသည်
မနက်ခင်းစောစောမို့ လူရှင်းကာတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်မှာ ငှက်သံကျီကျီကျာကျာလေးတွေသာကြားနေရပြီး
ပြိုင်ဘီးကိုယ်စီတွန်းလာတဲ့ကောင်လေးနှစ်ယောက်ကတော့ လမ်းတစ်လျှောက် အေးအေးဆေးဆေးလျှောက်လာနေကြသည်
"ဒီနေရာက ဒီလောက်သာယာမှန်းမသိခဲ့ဘူး"
"အင်း"
"ဒါကြောင့် ဆောင်ချန်းနဲ့ရှိုထရို ခဏခဏဒီလမ်းကနေဖြတ်ပြီးလမ်းလျှောက်လာတာဖြစ်မယ် နော်"
"အင်း"
"အီဂျဲနို မင်းကဘာလို့ငါပြောသမျှကို 'အင်း' ဘဲပြန်ပြောနေတာလဲ"
ဂျယ်မင်းကစပြီးနှုတ်ခမ်းထော်လာတော့ ဂျဲနိုကတိုးတိုးလေးရယ်ရင်းပြန်ပြောသည်
"အင်း"
"ရားးး"
"ဟားဟားဟား"
"ငါ့ကို စရတော့ပျော်လား🙂"
"အင်း"
ဂျဲနိုက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြကာ မျက်လုံးတွေမှေးမှိတ်သွားတဲ့ထိပြုံးပြသည်
ဂျယ်မင်းခေါင်းသာခါလိုက်ရင်း ဆက်ပြောသည်
"ဟဲချန်းနဲ့ လောင်န်ကျွင့်ကို မင်းဘာစိတ်ကူးနဲ့သီချင်းပေးလိုက်တာလဲ"
ဂျယ်မင်းကသူသိချင်တာကို မသိရမချင်း သာလိကာလေးလိုတတွတ်တွတ်မေးတတ်သည်မို့ ဂျဲနိုထိုမေးခွန်းကိုရှောင်မနေဘဲ ပြန်ဖြေလိုက်သည်
"မင်းပါလို့"
"ဘာရယ် ငါပါလို့?"
ဂျယ်မင်းကမျက်လုံးလေးဝိုင်းသွားကာ ကြောင်တောင်တောင်ပြန်မေးသည်
"အင်း မင်းကြောင့်"
သူတို့နှစ်ယောက် အခုကကျောင်းကိုသွားနေကြတာ
မနက်စောစော စက်ဘီးထွက်စီးပြီး အပြန်မှာ သီချင်းနဲ့အကတိုက်ဖို့ကျောင်းကိုသွားခြင်းဖြစ်သည်
ဟုတ်သည်
ဟဲချန်းနဲ့လောင်န်ကျွင့်ကို ဂျဲနို သူရေးထားတဲ့ Dive into you သီချင်းပေးလိုက်တာ
အစက အတန်တန်ငြင်းပေမယ့်
ဟဲချန်းပြောတဲ့စကားတစ်ခွန်းကြောင့်ပေးလိုက်ခြင်းဖြစ်သည်
"သီချင်းကို idol အဖွဲ့လိုမျိုးခုနစ်ယောက်ဖျော်ဖြေဖို့လုပ်ထားတယ် မာ့ခ်ဟျောင်းရယ် ငါတို့ခြောက်ယောက်ရယ်"
မှန်သည်
ငါတို့ခြောက်ယောက်ဆိုတာ ဟဲချန်း လောင်န်ကျွင့် ရှိုထရို ဆောင်ချန်းနဲ့ ဂျဲနို
ပြီးတော့ ဂျယ်မင်း
ဂျယ်မင်းလည်းဆိုမယ်ဆိုတာကြောင့် ဂျဲနိုလက်ခံခဲ့ခြင်းဖြစ်သည်
"ဘာလို့ ငါကြောင့်လဲလို့"
"အင်း"
"ရားးးးး အီဂျဲနို လာနောက်နေပြန်ပြီ အဲ့ဒီ 'အင်း' ကိုတော်လိုက်တော့!"
နာဂျယ်မင်းစိတ်တိုသည့်အခါ အသံကပိုဩလာပြီး မထင်ရင်မထင်သလိုထလုပ်တတ်သည်မို့ ကြောက်ရသည်
"အေးပါအေးပါ မစတော့ဘူး"
ဂျဲနိုအရှုံးပေးသည့်အသံနဲ့ပြောလိုက်ရင်း ဂျယ်မင်းခေါင်းပေါ်က ချယ်ရီပွင့်ဖတ်ကြွေလေးကိုအသာလေးဖယ်ပေးလိုက်တော့ ပွင့်ဖတ်လေးကဝေ့ဝဲကာအောက်ပြုတ်ကျသွားသည်

Flowers of Spring (Nomin)Where stories live. Discover now