ဂျယ်မင်းက ကလေးဆန်တယ်
ဂျဲနိုကတော့ လူကြီးဆန်ပြီး ဂျယ်မင်းအလိုကိုလိုက်တယ်
ဟင့်အင်း
အဲ့တာ တခြားလူတွေကိုသူတို့ပေးမြင်တဲ့ပုံစံတကယ့်တကယ်က လုံးဝပြောင်းပြန်
နွေဦးရဲ့ကျောင်းဖွင့်ချိန် - စတုတ္ထပိုင်း
သူတို့ ခြောက်ယောက် မြက်ခင်းပြင်စီကိုရောက်တော့ သူတို့လိုလာစပ်စုပြီး စိတ်ဝင်စားရင် join ကြမယ့် ကျောင်းသားကျောင်းသူအသစ်တွေနဲ့ အတော်လေးစည်ကားနေသည်
ရောက်ရောက်ချင်း စတွေ့တဲ့ e-sport club ကို ဂျဲနို ချက်ချင်းပင် join လိုက်သည်
သူက အိမ်က pc set လိုက်ကြီးကို အခုငှါးလိုက်တဲ့တိုက်ခန်းထိသယ်ချလာတဲ့ထိ ဂိမ်းကိုစွဲလမ်းနေတဲ့ ဂိမ်မာဂျဲနိုမလား
နောက်ထပ် စက်ဘီးစီးကလပ်ကို join ဖို့အဖော်ခေါ်တော့ ဟဲချန်းက မနက်တိုင်း
ကျောင်းကိုစက်ဘီးနဲ့လာနေတာနဲ့တင်တော်လောက်ပြီဆိုကာ ခပ်ပြတ်ပြတ်ငြင်းသည်
ဂျယ်မင်းကလည်း ကလပ်မှာစီးဖို့စက်ဘီးကသပ်သပ်တစ်စီးထပ်ဝယ်ရမှာဖြစ်ပြီး မစီးတဲ့အချိန် အခန်းထဲထည့်သိမ်းထားရမည့်စက်ဘီးမျိုးမို့ သူ့အခန်းမှာနေရာမရှိတော့ကြောင်းပြောကာငြင်းသည်
နောက်ဆုံး ဂျဲနိုကတဂျီဂျီနဲ့ စက်ဘီးအသစ်ကိုသူ့အခန်းထဲမှာသူ့စက်ဘီးနဲ့တူတူသိမ်းထားပေးပါ့မည်ဆိုမှ နာဂျယ်မင်းတို့လက်ခံလိုက်သည်
ဒီဇိုင်းဌာနကဦးဆောင်ပြီးဖွဲ့စည်းထားတဲ့ ဖက်ရှင်ကလပ်မှာတော့ ကျောင်းသားသစ်တွေကို အဖွဲ့ဝင်ဖို့ စိတ်ပါလက်ပါရှင်းပြနေတဲ့ မာ့ခ်ဟျောင်းကိုတွေ့ရသည်
သူက မနက်တုန်းကအဝတ်အစားနဲ့မဟုတ်တော့
နေကာမျက်မှန်နဲ့ ပခုံးကြိုးသိုင်းဘောင်းဘီနဲ့အတော်လေးဖက်ရှင်ကျနေသည်မှာ မူကြိုကလေးလေးရပ်နေတာကျလို့
ဟဲချန်းက အသေခွီသည်
မာ့ခ်ဟျောင်းက ရှက်ပြီးဟဲချန်းကိုလိုက်ရိုက်တော့ အားလုံးရယ်နေကြရသည်
မာ့ခ်ဟျောင်းနဲ့တူတူရပ်နေသည့် ဆောဂျော်နီဆိုတဲ့ အတန်းကြီးကျောင်းသားအစ်ကိုကလည်း သူတို့နဲ့ရောကာလိုက်ရယ်နေသည်မှာ မရပ်တော့
နောက်ဆုံးတော့ ဟဲချန်းတစ်ယောက်
ဖက်ရှင်ကလပ်ကိုဝင်ပါမည်ဆိုပြီးစာရင်းပေးတော့မှ မာ့ခ်ကလွှတ်ပေးလိုက်သည်
YOU ARE READING
Flowers of Spring (Nomin)
Fanficအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော