ဂျယ်မင်းက သူ့ဘာသူတိတ်တိတ်လေးကြိတ်ဝမ်းနည်းနေတတ်ပြီး အပြင်မှာစိတ်မကောက်တတ်တဲ့သူ
ဂျဲနိုကတော့ ဘယ်သူမှလိုက်မမီအောင်ကို စိတ်ကောက်နိုင်လွန်းသည်နွေဦးရဲ့ အစပျိုးလာသောအပြောင်းအလဲများ - စတုတ္ထပိုင်း
အချိန်က ညရှစ်နာရီ
နေရာက ဆောင်ချန်းနဲ့ရှိုထရိုရဲ့ တိုက်ခန်းမှာ
ထိုင်နေကြတာက လူကိုးယောက်
သူတို့ခုနစ်ယောက်ရယ်
ဟော့ပေါ့ဆိုင်မှာတွေ့ခဲ့တဲ့ မင်ဟီးသူငယ်ချင်းကောင်မလေးနှစ်ယောက် ဂျူယွန်းနဲ့ ယူရာရယ်
သူတို့ကိုးယောက်က ဝိုင်းဖွဲ့ထိုင်နေကြပြီး
အလယ်မှာတော့ လှဲထားတဲ့ပုလင်းတစ်လုံးရှိနေသည်
ဂျယ်မင်းက သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဂျဲနိုကိုလှမ်းကြည့်လိုက်သည်
ဂျဲနိုက သူ့ကိုကြည့်မနေဘဲ လက်ကိုပိုက်ထားကာ မျက်နှာကတင်းနေသည်
ညနေကလည်း ဟော့ပေါ့ဆိုင်မှာ သူ့ပန်းကန်ထဲဂျယ်မင်းထည့်ပေးတဲ့ ပုဇွန်တွေကိုမစားဘဲချန်ထားခဲ့တာ
ဆယ်နှစ်နီးပါးပေါင်းလာတဲ့အတွေ့အကြုံအရ ဒီလောက်ဆို သူ့ကို အီဂျဲနိုစိတ်ကောက်နေတာ
ဂျယ်မင်းသိလိုက်ပြီ
ဒါပေမယ့် ဘာလို့လဲဆိုတာတော့သူလည်းမသိ
စိတ်လည်းမရှည်တော့
သူဘာအမှားလုပ်မိလို့တုန်း
"ဟေးးးး ဂျဲနိုအလှည့်!!!"
ဂျယ်မင်းတွေးနေတုန်း အားလုံးကဝိုင်းအော်ကြတာမို့ အတွေးစပြတ်သွားသည်
ဂျဲနိုက မင်ဟီးပေးတဲ့ ခွက်ထဲကမဲလိပ်တစ်လိပ်ကိုနှိုက်ယူလိုက်သည်
"ကံတရားကရွေးချယ်တဲ့သူနဲ့အတူတူ ဘီရိုထဲမှာဆယ်မိနစ်သွားနေပါတဲ့ ဝိုးဝိုးးးး အီဂျဲနို"
ကောင်မလေးတွေက စိတ်လှုပ်ရှားစွာအော်ကြသည်
ဂျဲနိုက ပြုံးရုံသာပြုံးလိုက်ပြီး သူ့ရှေ့က ပုလင်းကိုလှည့်လိုက်သည်
ပုလင်းလေးက လျင်မြန်စွာ တဝီဝီလည်သွားပြီး
ခဏကြာတော့ ဖြည်းဖြည်းချင်းအရှိန်လျော့လာသည်
ပုလင်းအဝရဲ့ဦးတည်ရာက နှေးနှေးလေးလည်နေပြီး ဝိုင်းဖွဲ့ထိုင်နေတဲ့သူတို့တစ်ယောက်ချင်းစီကိုဖြတ်ကျော်သွားသည်
မကြာခင်မှာ ထိုပုလင်းလေးကရပ်သွားတော့မည်
အဲ့အခါကျ ပုလင်းရဲ့ဦးတည်ရာမှာထိုင်နေတဲ့ တစ်စုံတစ်ယောက်က ဘီရိုခပ်သေးသေးထဲမှာ ဂျဲနိုနဲ့ ဆယ်မိနစ်လုံးတူတူရှိနေလိမ့်မည်
ဂျယ်မင်း ဘာမှမစဉ်းစားမနေတော့
ဖြည်းဖြည်းချင်းလည်ရင်း သူ့ကိုကျော်သွားတဲ့ပုလင်းလေးကို ဖျတ်ခနဲရပ်တန့်လိုက်ကာ ပုလင်းခေါင်းကိုသူ့ဆီလှည့်လိုက်သည်
ဘာမပြော ညာမပြောကောက်နေတဲ့ ဂျဲနိုနဲ့စာရင်းရှင်းရမည်
"ဟင် ဂျယ်မင်းဘာလုပ်တာလဲ"
အကုန်လုံးကသူ့ကိုကြောင်ကြည့်လာပြီး မေးလာကြသည်ကို ဂျယ်မင်းခပ်တည်တည်နဲ့သာပြန်ဖြေလိုက်သည်
"ပုလင်းခေါင်းကိုငါ့တည့်တည့်မှာ ရပ်အောင်လုပ်လိုက်တာလေ"
"ဟဲ့ အဲ့လိုလုပ်လို့ရလို့လား"
"မရဘူးဆိုတဲ့ စည်းကမ်းချက်ငါတို့ထုတ်ထားလို့လား"
"ဝိုးးးးးဝိုး နာဂျယ်မင်းဝိုးးးးးး"
အကုန်လုံးဝိုင်းအော်ကြပြီး
ဂျဲနိုက နေ့လည်တည်းကနေခုထိရှစ်နာရီအတွင်း ပထမဆုံးအကြိမ် ဂျယ်မင်းကိုလှမ်းကြည့်လာသည်
ဘီယာဘူးအနည်းငယ်သောက်ထားတဲ့ ကောင်မလေးတွေကတခစ်ခစ်ထရယ်ကြပြီး သူတို့က ဟဲချန်း လောင်န်ကျွင့်တို့နဲ့အတူတူ ဂျဲနိုနဲ့ဂျယ်မင်းကိုဆွဲခေါ်ကာ ဘီရိုရှိတဲ့အခန်းထဲခေါ်သွားပြီး ဘီရိုထဲထည့်ပိတ်လိုက်ကြသည်
"ဆယ်မိနစ် မပြည့်မချင်းထွက်မလာနဲ့"
ဟဲချန်းက အာလေးလျှာလေးသံနဲ့ပြောပြီးနောက် ခြေသံတွေနဲ့တံခါးပိတ်သံကြောင့် အကုန်လုံးအခန်းထဲကထွက်သွားသည်ကို ဂျယ်မင်းသိလိုက်သည်
ဘီရိုထဲမှာအတော်မှောင်သည်
ဒါပေမယ့်
တစ်မိနစ်လောက်နေတော့ အမှောင်ကိုကျင့်သားရသွားသည်မို့ သူ့ရှေ့က ဂျဲနိုကိုသေချာမြင်လာရသည်
ဂျဲနို မျက်နှာက ဂျယ်မင်းနဲ့အရမ်းနီးကပ်နေပြီး
မျက်နှာထားကခုထိပြန်မပျော့သေး
"အီဂျဲနို"
"ဘာလဲ"
"မင်းငါ့ကို စိတ်ဆိုးနေတာလား"
"......"
ဂျဲနိုကပြန်မဖြေ
"အီဂျဲနို ဘာဖြစ်နေတာလဲလို့"
"ဘာမှမဖြစ်ဘူး"
ဂျယ်မင်းစိတ်မရှည်တော့
"ဘာကိုဘာမှမဖြစ်တာလဲ နေ့လည်တည်းက ခုထိ ငါ့ကိုတစ်ချက်တောင်မကြည့်ဘဲ မျက်နှာကြီးတင်းထားတာလေ
မင်ဟီးနဲ့နှစ်ယောက်တည်းဖုန်းတူတူကြည့်နေတုန်းကကျအဲ့လိုမဟုတ်ဘူး ပြုံးဖြီးလို့ ဘာလဲ ငါကမင်းကိုဘာဖြစ်တာလဲတောင်မမေးရဘူးလား"
ဂျဲနိုက ခဏတော့ဘာမှပြန်မပြော
ပြီးမှ ခပ်တိုးတိုးမေးသည်
"တွေ့လိုက်တာလား"
သူကမေးလိုက်တော့မှ ဂျယ်မင်းသတိဝင်ပြီးရှက်သွားသည်
"အော်...အင်း ငါ...ငါတို့မေဂျာလိုက် သီချင်းလာရွေးရင်းနဲ့..."
"အဲ့တုန်းက မင်းအကြောင်းပြောနေတာလေ မင်ဟီးက မင်းကိုရုပ်တည်နေလို့နည်းနည်းကြောက်တယ်လို့ပြောတာနဲ့ ငါကဂျယ်မင်းကတကယ်တော့ ချစ်ဖို့ကောင်းပါတယ်လို့ရှင်းပြရင်း မင်းငယ်ငယ်တုန်းကဟာသပုံတွေပြနေတာ"
"ငါ့ ငါ့ပုံတွေဘာလို့ပြတာတုန်း"
"ဒီလောက်ချစ်ဖို့ကောင်းတဲ့မင်းကို သူကအထင်လွဲနေတာကိုး ငါကမရှင်းပြရဘူးလား"
"အဲ့ အဲ့ဒါက အဲ့ဆိုလည်းပြီးရော"
စူပုတ်ပုတ်လုပ်ကာ မျက်လွှာချလိုက်တဲ့ ဂျယ်မင်းက သိပ်ချစ်စရာကောင်းလွန်းတာမို့ ဂျဲနိုကြာကြာမကောက်နိုင်တော့ဘဲ ရယ်လိုက်မိသည်
"ဘာရယ်တာလဲ မင်းက ငါနဲ့ဟဲချန်းမဟုတ်တဲ့ တခြားလူနဲ့လည်းပျော်ပါးနေသေး ပြီးတော့မင်းကဘဲပြန်စိတ်ဆိုးရသေး"
ဂျယ်မင်းက အောက်ကိုဘဲစိုက်ကြည့်နေရင်း မကျေမနပ်ပြောသည်
YOU ARE READING
Flowers of Spring (Nomin)
أدب الهواةအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော