နွေရာသီကျောင်းပိတ်ရက်များ - တတိယပိုင်း"ဂျဲနို"
"အင်း"
"မလေးဘူးလား"
"ဟင့်အင်း ပေါ့ပေါ့လေးရယ်"
"လျှောက်ပြောမနေနဲ့ မင်းနဲ့ငါနဲ့ဆိုဒ်ဘယ်လောက်မှမကွာတာကို"
"ဒါဆိုလည်းဘာလို့မေးနေသေးလဲ"
"အဲ့တာက ဒီလိုဘဲ...တော်ပြီ မင်းက စကားအကောင်းကိုပြောမရဘူး"
နားနားလေးကပ်ပြီး ပွစိပွစိပြောနေတဲ့ ကျောပေါ်က ဂျယ်မင်းကြောင့် ဂျဲနိုကြိတ်ရယ်လိုက်သည်
နာဂျယ်မင်းတစ်ယောက် သူ့ကျောပုံမှာရှိနေတယ်ဆိုတဲ့အသိအပြင် ဖြူသွယ်တဲ့ လက်ဖျံနှစ်ဖက်က သူ့လည်ပင်းကိုသိုင်းဖက်ထားတာကြောင့် အတန်ငယ်စိတ်လှုပ်ရှားနေပေမယ့်လို့
ဂျဲနို ပျော်နေပါသည်"ဂျဲနို"
"အင်း"
"မင်း ရေမွှေးမသုံးထားဘူးမလား"
"အင်း ဘာဖြစ်လို့လဲ"
"မင်းဆီက ပူရှိန်းနံ့ရလို့ ရေမွှေးမစွတ်ထားတဲ့အချိန်တွေဆိုရတတ်တဲ့အနံ့လေ"
"အင်း"
"ငါကြိုက်တယ်"
"ဘာ"
"မင်းဆီကအဲ့အနံကို ငါကြိုက်တယ်လို့"
ထိန်းချုပ်မရအောင် ခုန်ပေါက်လာတဲ့ နှလုံးခုန်သံကို သူ့ကျောပေါ်က နာဂျယ်မင်းမကြားသွားစေဖို့သာ ဂျဲနိုဆုတောင်းနေရတော့သည်
နာဂျယ်မင်းဆိုတဲ့ဟာစားကတော့ ပြောချင်ရာကိုပြောချလိုက်တာဘဲ ဒီကလူမှာသာ သူ့အပြုအမူသေးသေးလေးကအစ အရူးလိုလိုက်ရင်ခုန်နေမိတာ"ပြီးတော့ ဂျဲနို"
"ဘာလဲကွာ လေးရတဲ့ထဲ စကားများလိုက်တာ"
"မင်းပြောတော့ ပေါ့ပေါ့လေးဆို!"
"ငါလိမ်ပြောတာ မင်းလည်းသိရဲ့သားနဲ့"
"အီဂျဲနို လဒကောင် ဒါဆိုလည်းချပေး ငါ့ဘာငါလျှောက်မယ်"
ဘာရယ်မဟုတ် စပြီးပြန်ပြောလိုက်တဲ့စကားလေးတစ်ခွန်းမှာတောင် နာဂျယ်မင်းရဲ့ တုံ့ပြန်မှုက ရယ်ရပြီး အလွန်ချစ်စရာကောင်းသည်
ဒီလိုအပြုအမူလေးတွေကို တခြားလူတွေသတိထားမိသွားမှာ သူမလိုလား
"ရားးးး ချပေးလို့ ငါဘာငါလမ်းလျှောက်မယ်
မင်းအကူအညီမလိုဘူး ခုချပေးးး"
"ဟင့်အင်း မချပေးပါဘူး ဆိုးလ်ကိုပြန်ရောက်တဲ့ထိ ဒီလိုချီထားမှာ"
ဂျဲနိုစကားအဆုံးမှာ သူ့ကျောပေါ်က သောင်းကြမ်းနေတဲ့ နာဂျယ်မင်းတစ်ယောက်ငြိမ်ကျသွားသည်
ခဏနေတော့မှ ခပ်တိုးတိုးအသံလေးထွက်လာသည်
"ပေါက်ကရတွေမပြောနဲ့ ငါ့ကိုစလို့တော်တော်ကောင်းလား ဟမ်"
"အော် နောက်ဆုံးတော့ အစခံနေရမှန်းသိသွားပြီလား ဟားဟား"
YOU ARE READING
Flowers of Spring (Nomin)
Fanfictionအမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ်သိမ်းထားခဲ့ပေမယ့် နှစ်ယောက်လုံး ဘယ်သူကမှထပ်ထုတ်ကြည့်ဖို့မရဲခဲ့တဲ့ အဲ့ဒီနှစ်ကနွေဦးရဲ့ပန်းကလေးတွေကရော