1920 ခုနှစ်အစောပိုင်းကာလ၊ ရှန်ဟိုင်းမြို့ရဲ့ ရှောင်းအိမ်တော်မှာတော့ အသံစူးစူးဆာဆာလေး ပျံ့လွင့်နေလေရဲ့။..."ဟင့်အင်း...ဟင့်အင်း ကျန့်ကျန့်မသွားချင်ဘူးလို့..."
"ကျန့်ကျန့် ဆိုးတာ တော်သင့်ပြီ...ကျောင်းပိတ်ရက္အတောအတွင်း ကိုယ့်အပြစ်ကိုကိုယ်ပြန်သုံးသပ်နေ...အားရွှယ် ဆီကပြန်တိုင်သံမကြားရစေနဲ့...ဟမ့်! "
ပြောချင်ရာပြောပြီး အခန်းထဲဝင်သွားတဲ့ ပါပါးကအတော့်ကိုဆိုးပါတယ်။စာမေးပွဲနောက်ဆုံးညမို့ သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ အပျော်အိမ်လေး ရောက်ဖူးတယ်ရှိအောင် လိုက်သွားမိပါတယ်။ ခြံပေါက်ဝမှာပဲရှိသေး လမ်းကဖြတ်သွားတဲ့ ပါပါးက ကားပေါ်ကနေလှမ်းမြင်သွားရတယ်လို့။အဲ့ဒီကနေစပြီး လူကို အပြစ်သားလိုဆက်ဆံနေတော့တာပါပဲ။ ကျောင်းမှာ ပေါ့ပေါ့ပါးပါး ဗရုတ်ကျခဲ့သမျှကိုပါ ပြန်အစဖော်ပြီး အမှုတွဲကြီးဆင်ပစ်လိုက်တော့တာရယ်။ တော်ပြီ...။ ပါပါးကအခုချိန်မှာ ကျန့်ကျန့်အတွက်တော့ လူဆိုးကြီးပဲ။ ဒါကြောင့်....စိတ်သဘောထားပြည့်ဝတဲ့ မာမားကိုပဲ အပူကပ်ရမယ်။
"မား...ပါးကိုပြောပေးလေနော်...သား ဟန်ကျိုး ကိုမသွားချင်ဘူး...မားကိုမခွဲနိုင်ဘူးလေနော်...နော်..."
ကျန့်ကျန့် မျက်နှာလေးကို ငယ်ချထားလိုက်ပြီး မားကိုအပီအပြင်ကပ်ချွဲနေရတယ်။ ဟုတ်တယ်လေ။ ကျန့်ကျန့် မှ ဟန်ကျိုးကိုမသွားချင်ဘဲ။ပါးရဲ့ညီမ ဒေါ်လေးရွှယ်က ဟန်ကျိုးမှာနေတာမို့ ကျောင်းပိတ်ရက္မှာကျန့်ကျန့် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်အောင် ပါးက ဇွတ်အတင်းလွှတ်နေတာကို။
"မားလည်းဘယ်ခွဲချင်ပါ့မလဲ...ဒါပေမဲ့ မင်းအဖေအကြောင်းလည်းသိရဲ့သားနဲ့ ကလေးရယ်..."
"မား! ! "
"ရှန်ဟိုင်းနဲ့ဟန်ကျိုးက ဘယ်လောက်မှဝေးတာမဟုတ်ဘဲ...သားလေးကလွမ်းတယ်ဆိုရင် မားလာတွေ့မှာပေါ့...ကျန့်ကျန့်က လိမ္မာရဲ့သားနဲ့..."
နူးနူးညံ့ညံ့ပြုံးပြရင်း ဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ မားက သူ့ဆံပင်တွေကိုပွတ်သပ်ပေးပြီး ခပ်တိုးတိုးလေး ချော့တယ်။ ကျောကို ဖွဖွပုတ်ပေးဖို့လည်း မေ့မနေခဲ့ဘူး။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."