ပိုးမွေးမြူရေးခြံရဲ့ ရုံးခန်းထဲရောက်နေတဲ့ ရိပေါ် က နံရံပေါ်ချိတ်ဆွဲထားတဲ့ ပြက္ခဒိန်ကို တစ်ချက္လှမ်းကြည့်လိုက်ရင်း သက်ပြင်းဖျော့ဖျော့ချလိုက္တယ်။မကြာခင် တက္ကသိုလ်တွေပြန်ဖွင့်တော့မှာမို့
ကျန့်ကျန့် ရှန်ဟိုင်းကို ပြန်ရခါနီးနေပြီပဲဖြစ်တယ်။ ရိပေါ်မခွဲချင်ပေမဲ့ မဖြစ်မနေ
ခွဲရမယ့်အနေအထားမို့ အလွမ်းဒဏ်ကိုခံနိုင်ရည်ရှိအောင် မနည်းကိုကြိုးစားယူ
ရမယ့် ကာလလည်းပဲဖြစ်ပါတယ်။ရိပေါ် ဒီနေ့ ကျန့်ကျန့်နဲ့ချိန်းထားတာမို့ ပိုးမွေးမြူရေးခြံနောက်ပေါက်ကနေထွက်လို့ အရှေ့ဘက်ကန်ဆီ လမ်းလျှောက်လာခဲ့လိုက်တယ်။ ချစ်ရသောလေးကို တွေ့ရတော့မှာမို့ သူ့နှုတ်ခမ်းက အလိုလိုပြုံးယောင်သန်းပါတယ် ။ ဟော...တွေ့ပါပြီ။ ချည်သားထန်ဝတ်စုံပြာလွင်လွင်လေးနဲ့
ချစ်ရသူက ရေကန်ဘက်ဆီ မျက်နှာမူထားလေရဲ့။ အနီးအနားက ကျောက်ခဲသေးသေးတွေကို ကောက်ယူပြီးတော့လည်း ရေကန်ထဲ တစ်လုံးချင်းစီ လွှဲပစ်နေသေးတာရယ်။ သူ့ချစ်သူမို့လို့ပြောတာမဟုတ်ပေမဲ့ ကျန့်ကျန့်က တကယ့်ကို ချစ်စရာသိပ်ကောင်းလွန်းတယ်။"အသည်း! "
အင်း...ရိပေါ် အသည်းအသက်တစ်မျှချစ်
ရသူမို့ ခေါ်ဖြစ်တဲ့နာမ်စားလေးပါပဲ။ဒါကိုက ကျန့်ကျန့်ရဲ့ အထူးသီးသန့်နာမကလေးလည်းပဲဖြစ်လို့နေပြန်တယ်။ရိပေါ်ခေါ်
လိုက်တော့ ကျန့်ကျန့်က ချာခနဲလှည့်ကြည့်လို့လာတယ်။ မှဲ့နက်ထင်းထင်းကလေးပါ ဆတ်ခနဲရွေ့သွားတဲ့အထိ ပြုံးပြနေသေးတော့တာရယ်။"ကိုကို....နောက်ကျတယ်"
မျက်စောင်းကလေး ဝင့်လို့ ပြောလာပုံလေးက အူယားစရာပဲ။ ရိပေါ် ကျန့်ကျန့်လက်ကောက်ဝတ်လေးနှစ်ဖက်ကို အုပ်ကိုင်လှမ်းဆွဲတော့ အတင်းကိုရုန်းခါလာတယ်။ရိပေါ်လည်း မျက္မှောင်တွန့်ချိုးလိုက်ရင်း စိတ်အလိုမကျစွာနဲ့လွှတ်ပေးလိုက်တော့ လက်သီးဆုပ်သေးသေးလေးတွေကို ဖြန့်လို့ ကျောက်ခဲတုံးလေးတွေကို မြေပြင်ပေါ် ပစ်ချနေလေရဲ့။ နောက်တော့ လက်ဖဝါးပေါ်က ဖုန်တွေကို နှုတ်ခမ်းလေးစူထော်နေအောင် တဖူးဖူးမှုတ်လိုက်ပြီး လက်ကျန်ဖုန်မှုန့်အစအနတွေကိုတော့ ဘောင်းဘီနဲ့ကပ်သုတ်ပါတော့တယ်။
YOU ARE READING
Sweety 1920s (Completed)
Fanfic"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."