ကျန့်ကျန့်တစ်ယောက်တည်း သိပ်ပျင်းနေပါပြီ။ဖက်တီးကျိုးကလည်း ဒေါ်လေးရွှယ်နဲ့ စူးကျိုးကိုလိုက်သွားရတယ်။ ကြွေထည်ပစ္စည်းတွေသွားပို့တာမို့ ကျန့်ကျန့်ကိုခေါ်မသွားကြဘူး။ ရှန်ဟိုင်းမှာဆိုရင် တော်ရုံအပြင်ထွက္မလည်ဖြစ်ပေမဲ့ အိမ်မှာဓာတ်ပြားဖွင့်ပြီး သီချင်းတွေနားထောင်ဖြစ်တယ်။ ပြီးရင်တော့ ဓာတ်ပြားထဲက အဆိုတော်နဲ့အပြိုင်သီချင်းတွေ လိုက်ညည်းတော့တာပဲ ။ဒေါ်လေးရွှယ်အိမ်မှာက အပျင်းပြေ သီချင်းနားထောင်ချင်ရင်တောင် ဓာတ်စက် က ရှိမနေဘူး။
ရှိတဲ့ ပီယာနိုကျပြန်တော့လည်း ကျန့်ကျန့်က မတီးတတ်ပြန်။အခုလို ဗြိတိသျှလက်အောက်ခံခေတ်မှာက လူကုံထံသားသမီးတိုင်း ပီယာနိုတီးတတ်ကြတယ်။ ကျန့်ကျန့်လည်း ငယ်ငယ်ကတည်းက သင်ခဲ့ရပေမဲ့ အဲ့ဒီဘက္မှာ ပါရမီမပါဘူးရယ်။
"ဟူးးးးးပျင်းလိုက်တာ"
မနက်ကတည်းက ခြံထဲလမ်းဆင်းလျှောက်ရတာ ပျင်းလို့ဆိုပြီး စာကြည့်ခန်းထဲသွားမွှေပြီးပြီ။ ဒေါ်လေးရွှယ် ယောက်ျား ဉီးလေးလုက ကောင်စစ်ဝန်ရုံးကမို့ ကျန့်ကျန့်နားမလည်တဲ့ ရုံးပိုင်းဆိုင်ရာစာအုပ်တွေပဲရှိနေတယ်။ တကယ်ပါ ။ ဟန်ကျိုးရောက်ကတည်းက လူကို အကျယ်ချုပ်ကျနေတဲ့အတိုင်းပဲ။ ဟိုးရက်ကမှ ငါးမျှားဖို့ လစ်ထွက်ခွင့်ရလို့တော်သေး။ အဲ...ငါးမျှားတယ်ဆိုမှ ပိုးသူဌေးလေးဝမ်ရိပေါ်ကိုတောင် သတိရသွားပြီ။
သူသက်ရော သက်သာရဲ့လား။ အလုပ်တွေသိပ်ရှုပ်နေတုန်းလား။ ခုလောက်ဆို ကျန့်ကျန့်ကို မေ့သွားလောက်ပြီလား။အာ...မသိတော့ဘူး ။ ဒီနေ့တော့ ရာသီဥတုသာယာတယ်။နေ့လည်တောင်ရောက်နေပြီမို့ မြို့ထဲကို အမြန်ရောက်အောင် သွားမြှဖစ်မယ်။ကျန့်ကျန့်က ရောက်တဲ့နေ့ကတည်းက မြို့ထဲလျှောက်လည်ချင်တာရယ်။ ဒေါ်လေးရွှယ်က သူမအားတာမို့ ဝူရှီး မှာ တာဝန်ကျနေတဲ့ သူ့ယောက်ျား ဉီးလေးလု ပြန်လာမှကျန့်ကျန့်ကို လိုက်ပို့မယ်ဆိုပဲ။ဉီးလေးလုကဖြင့် ဘယ်နေ့မြှပန်ရောက္မယ်မသိ။ ဖက်တီးကျိုးနဲ့ အတူတူသွားမယ်ဆိုတော့လည်း စိတ်မချ။ တကယ့်ကို ပါးရဲ့ညီမ ပီသ ပါပေတယ်။ လူကိုဆို မျက်စိဒေါက်ထောက်ကိုကြည့်နေတော့တာရယ်။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."