(15)Unicode

2K 214 0
                                    

အချိန်က တရွေ့ရွေ့တိုက်စားလာလိုက်ပုံများ အခုဆို ဩဂုတ်လထဲတောင် ချဥ္းနင်းဝင်ရောက်လာခဲ့ပြီပဲဖြစ်တယ်။ ခုတလော ရာသီဥတုကလည်း မှုန်မှိုင်းအုံ့ဆိုင်းလို့နေတော့တာပါပဲ။ ကျန့်ကျန့်
ဝမ်ကိုကို့ကိုပုန်းရှောင်နေတာ ရက်နည်းနည်းတော့ရှိပြီ။ ဝမ်ကိုကို က လက်ရဲဇက်ရဲနိုင်လွန်းတာကြောင့် ရင်ခုန်သံတွေထိန်းညှိရတာသိပ်ကိုခက်ခဲလွန်းပါတယ်။ကျန့်ကျန့်ပြန်ခါနီးမှ ဝမ်ကိုကို့ကို အဖြေပေးဖို့စဥ္းစားမိတဲ့အထိ ရှက်စိတ်က ကြီးစိုးနေတော့တာပါပဲ။

ဝမ်ကိုကို အိမ်လာလည်ရင်တောင်မှ ဒေါ်လေးရွှယ်ကိုပဲ ဧည့်ခံစေတာမျိုးနဲ့
ကျန့်ကျန့် ရှောင်နေဖြစ်တယ်။ အဲ့အတွက်တော့ တကယ်စိတ်မကောင်းတာအမှန်ပါပဲ။
ကျန့်ကျန့် ရှက်စိတ်ကြောင့် ချစ်တဲ့အကြောင်း ဝန်မခံရဲသေးတာပဲဖြစ်တယ်။ ဒီအလွှာထုကို ကျန့်ကျန့်ကိုယ်တိုင်ဖြိုချဖို့ အားအင်မွေးရပါအုံးမယ်။

ခုရက်ပိုင်းတော့ မိုးဖြောက်ဖြောက်ရွာချတာနဲ့ မှန်ပြတင်းကနေ ငေးမိငေးရာငေးရင်း အကြီးကြီးလွမ်းပစ်လိုက်တာပဲ။
အဲ့ဒီအထဲမှာ ရှန်ဟိုင်းက ပါးနဲ့မားတော့သေချာပေါက္မပါဘူးပေါ့။
ကျန့်ကျန့်လွမ်းတာ ဝမ်ကိုကိုရဲ့ အချောစားမျက်နှာကြီးကိုပဲဖြစ်တယ်။ ဖျတ်ခနဲပေးတတ်တဲ့ အနမ်းနွေးတေးတေးလေးတွေကိုလည်း အဆစ်လွမ်းရပါတယ်။

ဒီနေ့တော့ ကျန့်ကျန့်အိမ်တွင်းအောင်းရတာပျင်းလာတာမို့ ဒေါ်လေးရွှယ်ရဲ့ကြွေထည်အရောင်းဆိုင်ကိုလိုက်လာဖြစ်တယ်။ နေ့တစ်ဝက်ကျိုးတဲ့အထိအောင် ကျန့်ကျန့်မျက်စိထဲ လှတယ်ထင်တဲ့
ကြွေအိုး၊ကြွေခွက္ တွေကိုစိတ်ဝင်တစား
စပ်စုထားပြီးပြီမို့ ဗိုက်က အတော်လေးဆာလှပြီရယ်။ ဒါနဲ့ပဲ ဖက်တီးကျိုးနဲ့အတူ စက်ဘီးစီးလို့ အိမ်ပြန်ထမင်းစားရတာပါပဲ။

မိုးတွေတောင်ညို့လို့နေပြီမို့ တစ်လမ်းလုံး လူသူတောင်မနည်းရှင်းနေပြီပဲဖြစ်တယ်။ ဖက်တီးကျိုးက ရှေ့ကနင်းတဲ့အခါ ကျန့်ကျန့်ကတော့ နောက်ခုံမှာထိုင်လို့ "ဗိုက်ဆာတယ်" ဆိုတဲ့ဝါကျကိုသာ သီချင်းလုပ်ညည်းနေလိုက်တယ်။

Sweety 1920s (Completed)Where stories live. Discover now