ရိပေါ် ကျွန်းကုတင်ကြီးရဲ့ခေါင်းရင်းကိုမှီထားရင်း အသည်းဆီက ပြန်စာလေးကို အခေါက်ခေါက်အခါခါဖတ်နေမိတယ်။
ခပ်သော့သော့ရေးထားတဲ့လက်ရေးလေးဟာ အသိမ်းအနုတ်ကအစ သပ်ရပ်နေလိုက်တာများ လက်ရေးလှရေးနည်းကို ကျကျနနသင်ခဲ့ရတဲ့ကလေးမှန်း သိပ်သိသာစေတယ်။ ဝါဖျော့ဖျော့စာရွက်လေးက ရိပေါ် ဖွင့်လိုက်ခေါက်လိုက်လုပ်ပါများလွန်းလို့ နည်းနည်းတောင် ပျော့ဖတ်နေပြီပဲဖြစ်တယ်။စာထဲမှာထွေထွေထူးထူးတော့ မပါပါဘူး။ ကျောင်းတက်နေရပြီဖြစ်ပြီး အသည်းရဲ့
ပါပါးကလည်း အရင်လောက္မတင်းကြပ်တော့ဘူးဆိုတာရယ်၊ ဟန်ကျိုးရဲ့ဒေသ
ထွက်အစားအစာတွေနဲ့ ရိပေါ်ရဲ့မားကို သတိရတယ်ဆိုတာရယ်၊ရိပေါ်ကို လွမ်း
နေပြီမို့ အပြေးကလေးလာတွေ့ချင်နေပါပြီဆိုတာရယ်ပါပဲ။ ဪ...နောက်ပြီး နှလုံးသားသေးသေးလေးထဲကနေ ကိုကို့
ကို အကြီးကြီးချစ်ရပါတယ်ဆိုတာလေးကတော့ ခြွင်းချက်ပေါ့။ရိပေါ်ဖြင့် သဘောကျလွန်းလို့ စာရောက်လာကတည်းက တစ်နေကုန်ပြုံးနေမိတော့တာပါပဲ။ဒီလက်ရေးလှလှလေးနဲ့တင် အလွမ်းက တစ်ဝက်နီးပါးပြေလျော့
ရတာကိုး။အလုပ်သမားတွေကတောင်
သူတို့သူဌေးလေး ထူးဆန်းလွန်းနေလို့
တီးတိုးတီးတိုး သဖန်းပိုးလုပ်ကုန်ကြတဲ့အထိပဲ။အသည်းဆီက ပြန်စာရဖို့ တခုတ်တရမျှော်နေခဲ့ရတာကို ရိပေါ်ကိုယ်တိုင်ပဲသိပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ပထမဆုံးအကြိမ် ရိပေါ်ဘက်က စာပို့ခဲ့တယ်။ အသည်းကို လွမ်းနေရတာမို့ စာအိတ်ညိုလေးထဲ ရိပေါ်ပါ ပုန်းခိုလိုက်ပါသွားချင်မိတဲ့အထိပါပဲ။
နောက်ဆုံးတော့လည်း ချိပ်ပိတ်ထားတဲ့
စာလွှာလေးကိုသာ ရိပေါ်ကိုယ်စား စေပါးလိုက်ရတယ်။ အဲ့ဒီစာထဲမှာ အလွမ်းတွေတစ်ထပ်ကြီးပါတယ်။ နောက်ပြီး အသည်းရဲ့ နှုတ်ခမ်းပါးလေးဆီ တိုးလျှိုခိုဝင်ချင်မိတဲ့ အနမ်းနွေးနွေးတစ်ချို့လည်း ပါပါတယ်။အခုတော့ အသည်းဆီက ပြန်စာရခဲ့ပြီ။ တစ်ခုရှိတာက အသည်းက စာရေးတဲ့
အခါဖွဲ့နွဲ့ရေးတတ်တာမျိုးမဟုတ်ဘူး။ဝါကျတိုနန့်နန့် ၊ တုံးတိတိလေးတွေနဲ့ နှလုံးသားထဲထိအောင် တည့်တိုးရေးပစ်လိုက်တာမျိုး။ ရိပေါ်ကတော့ အဲ့သလို ကလေးဆန်နေတာလေးကိုမှ အချစ်ပိုနေရတော့တာပါပဲ။ အသည်းအတွက်သာဆို ရိပေါ် ရဲ့အချစ်တွေက မိုးမြေအဆုံးထိ ကုန်ဆုံးနိုင်မှာမဟုတ်တော့တာ အသေအချာပါပဲ။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."