(3)Zawgyicode

1.2K 60 1
                                    


ရိပေါ် ရဲ့ ပိုးမွေးမြူရေးခြံတွေဟာ ဟန်ကျိုးရဲ့အရှေ့ဘက်ရေကန်နားမှာဆို လက်ညှိုးထိုးမလွဲအောင် ရှိနေကြတယ်။
ဒီနေ့ ရိပေါ် မွေးမြူရေးခြံဘက်ရောက်တုန်း ရေကန်ဘက်ကနေ မကြားစဖူး သီချင်းဆိုသံကြားရတာမို့ အသာနားစွင့်မိတော့ နာမည်ကြီးအဆိုတော် Liming Hui ရဲ့ သီချင်းမှန်း တန်းသိလိုက်တယ်။

Jazz ဂီတကနေ Pop ဂီတကို အရွေ့တစ်ခုအနေနဲ့ တရုတ်ပြည်မကြီးမှာ ပထမဆုံးချပြနိုင်ခဲ့တဲ့ သီချင်းမို့ လူထုကြားမှာရေပန်းစားတဲ့သီချင်းတစ်ပုဒ်ပါပဲ။ ဒါကိုမှ ပင်ကိုသံ ချိုချိုလေးကို ခပ်စူးစူးအော်ဆိုနေတာမို့ သူပိုလို့ စိတ်ဝင်စားသွားရတယ်။
ကန်စပ်နားထိ ဖြည်းဖြည်းချင်းတိုးလို့လျှောက်ရင်း အကဲခတ်တော့ တစ်ဖက် ကန်စပ်မှာထိုင်လို့ ငါးမျှားနေသူနှစ်ဉီး။

တစ်ဉီးက ခပ်ဝဝဖြစ်ပြီး သာမန်ရုပ်ရည်နဲ့ လူငယ်လေးပါပဲ။ သီချင်းဆိုနေတဲ့ လူငယ်လေးကသာ သာမန်ချည်သားထန်ဝတ်စုံဝတ်ထားတာတောင် ထင်းလင်းပြီး ကြည်စင်နေတော့တာ။ ရိပေါ် ဒီလူငယ်လေးကို တစ်ခါမှမမြင်ဖူးဘူး။ စီးပွါးရေးလောက က လူတွေနဲ့ သူ့အလုပ်သမားတွေကလွဲလို့ တခြားသူတွေနဲ့ အဆက်အစပ်မရှိတာကြောင့်လည်းပါပေမဲ့ ဒီလို ထူးခြားတဲ့သွင်ပြင်နဲ့ လူငယ်လေးမျိုးကိုတော့ တစ်ခါမှမမြင်ဖူးတာ အမှန်ပဲ။

ငါးမျှားတဲ့အခါ အသံတိုးတိုးသာ နေလေ့ရှိကြတာမို့ သီချင်းအကျယ်ကြီးအော်ဆိုနေကတည်းက ငါးမမျှားတတ်မှန်း သိသာလွန်းနေရဲ့။ နောက်တော့ လူငယ်လေးက ဝမ်းသာအားရ ထအော်တော့တာပါပဲ။ ရိပေါ်လည်း သူကလေးရဲ့ ငါးမျှားစွမ်းရည်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေမိခါမှ ငါးမျှားချိတ်မှာပါလာတာက ဖိနပ်စုတ်ကြီး။ ဘွတ်ဖိနပ်ထဲကို ရွှံ့တွေဝင်နေတာမို့ လူငယ်လေးတို့နှစ်ယောက်သား ငါးအမှတ်နဲ့ မနည်းဆွဲတင်နေရတာကိုကြည့်ပြီး ရိပေါ်သဘောတကျ ပြုံးမိသွားတဲ့အထိပဲ။

ချစ်စဖွယ်အမူအရာကောင်းလေးတွေပိုင်ဆိုင်ထားတဲ့ လူငယ်လေးဟာ ရိပေါ်ကိုပြုံးစေနိုင်တဲ့ ပထမဆုံးသောလေးပဲဖြစ်တယ်။ နောက်ပြီး ငေးမဝလေးကြောင့် သူ့ရင်တွေခုန်ပေါက်လူးလွန့်ခြင်းဟာလည်း
ပထမဉီးဆုံးအကြိမ်ပဲဖြစ်ပါတယ်။

Sweety 1920s (Completed)Where stories live. Discover now