(8)Unicode

2.3K 242 1
                                    


ရိပေါ်  မဒမ်လု ဆီကနေ ကျန့်ကျန့်အကြောင်းသိထားပြီးပြီ။ ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားလေးဟာ  ပြစ်ဒဏ်သင့်လို့ ဟန်ကျိုးကိုရောက်လာရတဲ့အကြောင်းကိုပေါ့။ အပျော်အိမ်အထိ ခြေဆန့်ဖို့ကြိုးစားတဲ့အကြောင်းသိရတော့ ရိပေါ် စိတ်ထဲ စိုးထိတ်ရတယ်။ ရိပေါ်ဟာလိင်စိတ်ခံယူမှုကွဲပြားမနေတဲ့ ယောကျ္ားစစ်စစ်တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အိမ်တော်သခင်မလေးတွေကို လျစ်လျူရှုနိုင်ခဲ့တဲ့ နှလုံးသားဟာ ကျန့်ကျန့်နဲ့တွေ့မှစတင်လှုပ်ရှားခဲ့တာပါပဲ။ ဒါကို ရိပေါ်က အချစ် လို့ ခေါင်းစဥ္တပ်ပါတယ်။

ကျန့်ကျန့်ကတော့ လူငယ်ပီပီ လက်တည့်စမ်းကြည့်ချင်မှာပါပဲ။ ယောကျ္ားချင်းမို့ နားလည်ပေမဲ့ ကျန့်ကျန့်က မိန်းမတွေကိုပဲစိတ်ဝင်စားပြီး သူ့ဘက်ကို လှည့့်ကြည့်မလာခဲ့ရင်ဆိုတဲ့အတွေးနဲ့တင် ထိတ်ပျာရတယ်။ ဒါကြောင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျန့်ကျန့် အနားမှာနေပြီး နှလုံးသားထဲ ခပ်ဖြည်းဖြည်းချင်း နေရာယူဖို့ ကြိုးစားမယ်။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာမို့  ရိပေါ် ဆီကို ရောင်ပြန်ဟပ်ဖို့ မျှော်လင့်ပါတယ်။

ဒီနေ့တော့ ကျန့်ကျန့်က ဆွတ်ဆွတ်ဖြူတဲ့ပိုးသားဝတ်စုံလေးဝတ်ထားတာမို့ ဖူးနုဥလို့နေတယ်။ ရိပေါ် မျက်လုံးထဲတော့ ပိုးချည်အိမ်ဖွေးဖွေးလေးနဲ့တူပြီး သိပ်ချစ်စရာကောင်းလွန်းတယ်။ပွဲရုံတွေနဲ့စက်ရုံတွေကို ခဏမေ့ထားပြီး အဖြူလုံးလေးကိုတစ်နေကုန်
အချိန်ပေးပါ့မယ်။
ကျန့်ကျန့်ဟာ ရိပေါ်တစ်သက်တာမှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝတဲ့ တစ်ဦးတည်းသော အကြည်ရိပ်လေးပဲဖြစ်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"လှလိုက်တာ... "

ကျန့်ကျန့်က ကားရပ်တာနဲ့ အမြန်ဆင်းပြေးလို့ ကြည့်တယ်။အနောက်ဘက်ကန်ကို ကားထဲကနေ လှမ်းမြင်ရုံနဲ့ အားမရနိုင်တော့လို့ပါပဲ။ ရိပေါ်ကားပေါ်က ဆင်းလိုက်ပြီး သူ့ သက္ကလပ်ဦးထုပ်ဝိုင်းကို ချွတ်လို့ ကျန့်ကျန့်ဆီ လျှောက်သွားလိုက်တယ်။ ပြီးတာနဲ့ ခေါင်းလုံးလုံးလေးပေါ် ဆောင်းပေးလိုက်တယ်။ နေပူနေပြီမို့ ကျန့်ကျန့် နာဖျားမှာစိုးပါတယ်။

Sweety 1920s (Completed)Where stories live. Discover now