(17)Zawgyicode

720 42 0
                                    


ကျန့်ကျန့် တစ်ယောက် ဝမ်ကိုကိုနဲ့ တရားဝင်ချစ်သူတြွေဖစ်သွားကြပေမဲ့
ဝမ်ကိုကိုရဲ့အထိအတွေ့အယုအယတွေနဲ့နေသားမကျသေးတာမို့ မျက်နှာတစ်ခုလုံးနွေးမြနေအောင် ရှက်ရိပ်ဝဲနေရတုန်းပါပဲ။ အခုဆို ဝမ်ကိုကိုရဲ့ ဒဏ်ရာတွေကလည်းသက်သာနေပြီပဲဖြစ်တယ်။ ဒါပေမဲ့ ကျန့်ကျန့်က စိတ်ပူတတ်တာမို့ ဝမ်ကိုကို့နားမှာတစ်နေကုန်အဖော်ပြုပေးပြီး ဒေါ်လေးရွှယ်အိမ်ကို ညဘက်ပြန်အိပ်တာလောက်ပဲလုပ်ဖြစ်တော့တယ်။

ဝမ်ကိုကိုကလည်း ဒဏ်ရာကိုအကြောင်း
ပြပြီး ကျန့်ကျန့်ကို သူ့နံဘေးကနေ တစ်ဖဝါးမှ ခွါခွင့်မပေးပါဘူး။ကျန့်ကျန့်ခန္ဓာကိုယ်လေး ပျောက်ကွယ်သွားမယ့်အလား သိမ်းပွေ့ထွေးဖက်ထားတတ်သေးတာရယ်။ အသက်ရှူကြပ်ရလောက်တဲ့အထိဆိုပေမဲ့ ဒီအခြေအနေကြီးကို
ကျန့်ကျန့်လည်းသဘောကျပါတယ်။ တကယ်တမ်းကျတော့ ချစ်သူ့ရင်ခွင်
ကျယ်ကျယ်ကြီးဟာ​တခမ်းတနားနဲ့
ရင်ခုန်စရာချည်းပဲမို့။

ဒီနေ့ ကျန့်ကျန့် ဝမ်ကိုကို့အိမ်ကို စက်ဘီးနင်းပြီး ထွက်လာခဲ့တယ်။ အရင်လို ရမ်းခါနေတာမျိုးမဟုတ်တော့တာမို့ ဟန်ကျိုးရောက္မှ စက်ဘီးစီးကျွမ်းကျင်တတ်မြောက်သွားတာကလည်း ကျန့်ကျန့်အတွက်တော့ ဂုဏ်ယူစရာသေးသေးလေးတစ်ခုပဲဖြစ်တယ်။ဝမ်ကိုကိုတို့ ခြံရှေ့အရောက္မှာ စက်ဘီးပေါ်ကဆင်းလို့အနောက်တိုင်းပုံစံ ဆင်ဝင်အမြင့်ကြီးထည့်ဆောက်ထားတဲ့ အိမ်ကြီးကို တမေ့တမောငေးရတယ်။
ဒါကလည်း ကျန့်ကျန့် ဝမ်ကိုကို့အိမ်ကိုရောက်တိုင်း ပြုနေကျအကျင့်ကလေး
တစ်ခုပဲဖြစ်ပါတယ်။

အိမ်ကြီးက ကြီးကျယ်ခမ်းနားပြီး သူ့သခင်လို အရှိန်အဝါကြီးမားလွန်းတယ်။ အိမ်အပြင်ဘက်ကတင် ထည်ဝါတာမဟုတ်ဘဲ အိမ်အတွင်းပိုင်းအပြင်အဆင်ကလည်း ခေတ်မီပြီး ဖိတ်ဖိတ်လက်နေသေးတာရယ်။ ကျန့်ကျန့်ကအနောက်တိုင်းဆန်ဆန် အိမ်အကြီးကြီးတွေဆို သိပ်သဘောကျတယ်။
ကျန့်ကျန့်တို့က မိသားစုနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျန့်ကျန့်ပါပါးရှောင်းသူဌေးက ရိုးရာဆန်တဲ့ နှစ်ထပ်တိုက်အိမ်ကြီးကိုသာ ဖက်တွယ်မက္မောနေတော့တာပါပဲ။ ကျန့်ကျန့်ဖြင့်မကြိုက်ပါဘူး။

Sweety 1920s (Completed)Where stories live. Discover now