(11)Unicode

2.1K 239 0
                                    

ရိပေါ် လက်ဆွဲသေတ္တာပြားလေးကိုင်ပြီး အပေါ်ထပ်က ဆင်းလာတော့ အိမ်ပေါက်ဝကိုရောက်နှင့်နေပြီဖြစ်တဲ့ မားကိုတွေ့ရတယ်။ လက်ထဲမှာလည်း လက်ပွေ့အိတ်အပြင် ပိုးပဝါစနဲ့ထုပ်ပိုးထားတဲ့အထုပ်ကိုလည်း ပိုက်ထားလျက်သားနဲ့။

"မား..ဘယ်သွားမလို့လဲ"

"လူနာသတင်းမေး သွားမလို့ သားရော အလုပ်သွားတော့မလို့လား"

"ဟုတ်ကဲ့"

"ဟုတ်ပြီ ကောင်းကောင်းသွား"

"မား ကားနဲ့တစ်ခါတည်းလိုက်ခဲ့လေ"

"နေပါစေ...မား လန်ချားငှါးသွားလိုက်မယ်"

မားက ပြောပြောဆိုဆိုနဲ့ပဲ အိမ်တော်ထဲကနေ တစ်လှမ်းချင်း လှမ်းထွက်သွားပြီပဲဖြစ်တယ်။
ကျောက်စိမ်းရောင်ချီဖောင်နဲ့ မားက  ရိပေါ်မျက်လုံးထဲမှာ ခါတိုင်းထက်
လှနေသယောင်။မားက သူထင်ထားသလို နောက်အိမ်ထောင်ပြုဖို့ လှုပ်ရှားနေတာများလား။

ရိပေါ်ကို ခုတလော အတွေးများစေတာက မားရဲ့အိမ်ထောင်ရေးကိစ္စပဲဖြစ်တယ်။
မားနဲ့က နွေးထွေးလွန်းတဲ့သားအမိဆက်ဆံရေးမျိုးမဟုတ်တာကြောင့် မားရဲ့စိတ်ကို  ရိပေါ်အတွင်းကျကျမသိတာအမှန်။
ပါးမရှိတော့တဲ့နောက်ပိုင်း မားက မုဆိုးမဘဝနဲ့ ရိပေါ်ကိုစောင့်ရှောက်လာခဲ့ပြီး မျက်နှာမငယ်စေခဲ့ဘူး။ ဒီအချိန်ထိ နေလာခဲ့ပြီးမှ နောက်အိမ်ထောင်ပြုမယ်ဆိုရင် ရိပေါ် အတွက်က နာသာခံခက်ဖြစ်မိမှာပါပဲ။

ခုတလော ကျန့်ကျန့်ခြေထောက်ဒဏ်ရာကြောင့် စိတ်ပူရ၊ မားအတွက် စိတ်ပူရနဲ့ ရိပေါ်လည်း အတော့်ကို စိတ်ပင်ပန်းနေရပြီ။ ဒီကြားထဲ ဟောင်ကောင်လူမိုက်သူဌေး စတီဗင်ရဲ့ကိစ္စကိုလိုက်ရှင်းနေရသေး။

စတီဗင်ရဲ့နာမည်အရင်းက စတီဗင်လီ။ ဟောင်ကောင်သူဌေးဆိုပေမဲ့ လူမိုက်တွေလက်သပ်မွေးထားပြီး မိုက်ရူးရဲဆန်နေတဲ့ လောဘသမားတစ်ယောက်ပါပဲ။ ဟန်ကျိုးဘက်ကိုတော့ ပွဲစားယောင်ယောင် ဘာယောင်ယောင်အနေနဲ့ဝင်လာခဲ့တာပဲဖြစ်တယ်။ ရိပေါ်ရဲ့စက်ရုံတွေကို မျက်စိကျတဲ့အခါမှာတော့ဗြိတိသျှသူဌေးတွေနဲ့ ဆက်သွယ်ပြီး စက်ရုံကို စျေးနှိမ်နှိမ်နဲ့ ဝယ်ဖို့ကြိုးစားတယ်။ စက်ရုံကိုသာ ဗြိတိသျှလူမျိုးပိုင်သွားရင်တော့ စတီဗင်လီက
ပွဲခအချီကြီးရမယ့်သဘောပေါ့။ ရိပေါ်ကအချဥ္မဟုတ်မှန်းသိတော့ ခေါင်းကိုချောင်းရိုက်ပြီး ခြိမ်းခြောက်ပြန်တယ်။

Sweety 1920s (Completed)Where stories live. Discover now