ကျန့်ကျန့်ဒီနေ့ တအားစိတ်လှုပ်ရှားနေပါတယ်။ညကဆို အိပ်လို့တောင် ကောင်းကောင်းမပျော်ဘူးရယ်။ အခုလည်း ရေချိုးခန်းထဲရောက်နေတာတောင် အတွေးမျှင်ကမပြတ်နိုင်သေးဘူး။
မနေ့ညနေက သူဌေးလေးဝမ် ကျန့်ကျန့်ကိုလိုက်ပို့ပေးရင်း အိမ်ပြန်ရောက်နှင့်နေပြီဖြစ်တဲ့ ဒေါ်လေးရွှယ်ဆီခွင့်တောင်းပေးခဲ့တယ်။ ကျန့်ကျန့်လည်ချင်တဲ့နေရာတွေကို လိုက်ပို့ပါရစေဆိုပြီးတော့ပေါ့။ အသက်ကယ်ဖူးတဲ့ကျေးဇူးရှင်ဆိုပြီးတော့လည်း ကျန့်ကျန့်ကိုချီးမွမ်းခန်းဖွင့်နေသေးတာရယ်။ ဒေါ်လေးရွှယ်ကတော့ မျက်လုံးကြီးပြူးလို့ပဲ။ အိမ်ကနေခိုးထွက္မှန်း ပေါ်ကုန်တာကိုး။
ဒါပေမဲ့ သူဌေးလေးရဲ့အလျှောက်ကောင်းမှုကြောင့် ကျန့်ကျန့်
အထောင်းသက်သာရပါတယ်။ သူဌေးလေးနဲ့အတူလည်ခွင့်ပြုတဲ့အပြင် ခိုးထွက်တာတောင် အဆူမခံရတော့ဘူး။ သူဌေးလေးငြိုငြင်စေမယ့်အပြုအမူတွေ မလုပ်မိစေဖို့ပဲ တွင်တွင်မှာေနေသးတော့တာရယ်။တကယ့်ကို ပိုးသူဌေးလေးဝမ်မျက်နှာ တစ်ကမ္ဘာပါပဲ။ဒေါ်လေးရွှယ်ပြောတဲ့အတိုင်းဆို သူဌေးလေးဝမ်က လူတိုင်းနဲ့ရင်းရင်းနှီးနှီးနေလေ့မရှိဘူးဆိုပဲ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဟာ စီးပွါးရေးလုပ်ငန်းတွေကလွဲရင် ကျန်တာစိတ်မဝင်စားဘူးလို့လည်းသိရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်တဲ့အတွက် စီးပွါးရေးလောကတင်မကဘဲ ဗြိတိသျှအုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ရင်းနှီးတာမို့ အရှိန်အဝါကလည်း အတော်ကြီးမားပါတယ်။ ကျန့်ကျန့်အပေါ်ကိုမှ ခုလို အချိန်ပေးပြီး ဂရုစိုက်နေတာဟာ ကျေးဇူးတရားကြောင့်ဆိုတာသိထားရတာမို့ စိတ်ထဲသိပ်မပျော်တာတော့ အမှန်ပါပဲ။
ကျန့်ကျန့်ရေချိုးခန်းထဲက ထွက်လာတော့ ဒေါ်လေးရွှယ် အခန်းတံခါးလာခေါက်တာနဲ့တိုးတယ်။ အောက်ပို်င်းကိုသာ တဘက်ပတ်ထားတာမို့ ပခုံးပေါ် တဘက်တစ်ထည်လွှားပြီး တံခါးဖွင့်ပေးလိုက်တော့ အင်္ကျီတစ်စုံကိုင်လို့ ဝင်လာလေရဲ့။
![](https://img.wattpad.com/cover/304702124-288-k323054.jpg)
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."