(7)Zawgyicode

935 43 1
                                    


"ကျန့်ကျန့်အရင်ဆုံး ဘယ်သွားချင်လဲ"

"အင်! အနောက်ဘက်ရေကန်..."

ကျန့်ကျန့်မျက်လွှာချပြီး ငြိမ်နေတုန်း သူဌေးလေးဝမ်က မေးလာခဲ့တာပဲဖြစ်တယ်။ ကျန့်ကျန့် ဟန်ကျိုးကိုရောက်ကတည်း အနောက်ဘက်ရေကန်ကို စိတ်ဝင်စားနေတာရယ်။ ဒါကလည်း ကျန့်ကျန့်မှရယ်မဟုတ်ပါဘူး။ ဟန်ကျိုးရဲ့ ဂုဏ်သတင်းတွေထဲမှာ အနောက်ဘက်ကန်ကလည်း တစ်ခုအပါအဝင်မို့ လူတိုင်းသွားချင်ကြမှာအသေအချာပါပဲ။

"ကောင်းပြီ"

တစ်ချက်တစ်ချက် ဂီယာချိန်းတဲ့အခါ ဂီယာတံကို အုပ်ကိုင်ထားတဲ့ သူဌေးလေးဝမ်ရဲ့ လက်ဆစ်ရဲရဲတွေဟာ ထင်းလို့ပဲ။ အဲ့လိုအချိန်ဆို ကျန့်ကျန့်ကတော့ အင်္ကျီအိတ်ကပ်ထဲက လက်သီးဆုပ်သေးသေးလေးကို အသာလေးငုံ့လို့ ချောင်းကြည့်ပြီး နှုတ်ခမ်းစူမိသွားတော့တာပါပဲ။

"ကျန့်ကျန့် ဗိုက်ဆာလို့လား"

ကျန့်ကျန့်က အင်္ကျီအိတ်ကပ်ကို ငုံ့ကြည့်တာဆိုပေမဲ့ သူဌေးလေးဝမ်က ဗိုက်ကိုငုံ့ကြည့်တယ်များထင်လေသလားမသိ။ သူဌေးလေးမေးမှပဲ သတိရတော့တယ်။ ကျန့်ကျန့်မနက်စာ စားမလာခဲ့ရဘူး။

"ဟို...နည်းနည်း..."

စဉ်းစားကြည့်မှ ဗိုက်ထဲ ဆာသလိုလိုဖြစ်လာတာမို့ ချော်လဲရောထိုင်လုပ်လိုက်ရတော့တယ်။

"အင်း..."

သူဌေးလေးက ကျန့်ကျန့်ဘက်လှည့်ကြည့်လို့ ပြုံးပြလေရဲ့။ ကျန့်ကျန့်မနေတတ်တာမို့ အကြည့်လွှဲပြီး လမ်းဘေးကိုပဲငေးနေလိုက်တော့တယ်။ သူဌေးလေးဘက်က အဲ့လိုငေးစိုက်ပြီး ပြုံးကြည့်ရင် ကျန့်ကျန့် ရင်ထဲ တဒုတ်ဒုတ်နဲ့ တကယ်နေလို့မကောင်းဘူး။

ကားက မြို့လယ်နားကို ချဉ်းနင်းလာခဲ့ပြီပဲဖြစ်တယ်။လမ်းဟာ လူတွေ ကားတွေနဲ့ ရှုပ်ထွေးစပြုလို့နေတယ်။ ကျန့်ကျန့်မနေ့တုန်းက စက်ဘီးကို အာရုံစိုက်ပြီး ရုန်းကန်နင်းနေခဲ့ရတာမို့ ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ဘူး။ လူတွေ၊  ကားတွေ၊ လန်ချားတွေလောက်ပဲသိလိုက်တာမျိုး။ ဒီအရာတွေကို ရှောင်တိမ်းဖို့ပဲ စိတ်ထဲရှိနေခဲ့ရတာမို့ အခုမှ အသေအချာ လေ့လာကြည့်ဖြစ်တော့တယ်။

Sweety 1920s (Completed)Where stories live. Discover now