ကျန့်ကျန့် မားကို ကူညီပေးပြီးတာနဲ့ ပါးလည်းပြန်ရောက်လာတာမို့ နေ့လည်စာ
တူတူစားကြတယ်။ ပြီးတာနဲ့ ဗိုက်လေးနေတဲ့ကျန့်ကျန့်က ဧည့်ခန်းဆက်တီပေါ် အသီးပန်းကန်နဲ့ အချိုတည်းရင်း ဇိမ်ယစ်နေတော့တာပါပဲ။"ကျန့်ကျန့်...မင်းပါပါး စာကြည့်ခန်းထဲမှာစောင့်နေတယ်"
"ဟင်..ဘာပြောမလို့တဲ့လဲ မား"
"ဟိုရောက်ရင် သိလိမ့်မယ်"
မားက မျက်နှာမကောင်းတဲ့အပြင် လေသံပြတ်ပြတ်နဲ့ မပြောစဖူးပြောလာတာမို့
ကျန့်ကျန့် စိတ်ထဲ စိုးထင့်သွားရတယ်။
ပါးက ပွဲရုံကနေ အိမ်ကို နေ့လည်စာပြန်စားလေ့ရှိပေမဲ့ ခဏတဖြုတ်နားပြီးပြန်သွားတတ်တာရယ်။ အခုကျ မပြန်သေးတဲ့အပြင် ကျန့်ကျန့်ကို စာကြည့်ခန်းထဲထိခေါ်တယ်ဆိုတော့ အခြေအနေက သိပ်ကောင်းမယ့်ပုံတော့ပေါ်မနေ။ ကျန့်ကျန့်ခုတလော လိမ်လိမ်မာမာလေးပဲနေနေတဲ့ဟာကို။ ဘာအမှားမှ ကျူးလွန်ထားတာမျိုးလည်းရှိမနေဘူးလေ။ကျန့်ကျန့် ဟိုဒီစဥ္းစားရင်း ရုတ်တရက်ဆိုသလို လှေကားရင်းက စာခေါက်ကလေးကိုသတိရသွားတယ်။ စာကြည့်ခန်းကိုသွားဖို့ လှေကားရှေ့ကဖြတ်လျှောက်ရတာမို့
ကျန့်ကျန့်လည်း လှေကားလက်ရန်းကြားဆီ ကမူးရှူးထိုးပြေးကြည့်ရပါတော့တယ်။သွားပြီ...။ လက်ရန်းပွတ်လုံးနှစ်ခုကြားမှာ ဘာမှရှိမနေ ။ ဘေးဘီကိုဝေ့ဝဲကြည့်ပြန်တော့လည်း ပြုတ်ကျနေတာမျိုးမဟုတ်။ ကျန့်ကျန့်အခုမှ ခေါင်းမီးတောက်ရပြီပဲဖြစ်တယ်။ မဟုတ်မှ...စာကို ပါး
တွေ့သွားပြီလား။ကျန့်ကျန့် စေ့ရုံသာစေ့ထားတဲ့ စာကြည့်ခန်းတံခါးကို အသံမမြည်အောင် ဖြည်းဖြည်းလေးတွန်းဖွင့်လိုက်ရင်း အခန်းထဲကို တိတ်တိတ်လေးချောင်းလို့ အကဲခတ်လိုက်တယ်။
"ရပ်မနေဘဲ ဝင်လာခဲ့ "
ရုတ်တရက်ထွက်ပေါ်လာတဲ့ ပါးရဲ့ အသံကြောင့် ကျန့်ကျန့် ခန္ဓာကိုယ်လေးတောင် တုန်တက်သွားရတယ်။ ကျန့်ကျန့်လည်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ အခန်းထဲ
ဝင်လိုက်ပြီး တံခါးပြန်စေ့ထားလိုက်တယ်။ နောက်တော့ ပါးထိုင်နေတဲ့ စာကြည့်စားပွဲနားဆီ တစ်လှမ်းချင်း တွန့်ဆုတ်တွန့်ဆုတ်
နဲ့ တိုးကပ်သွားရတာပါပဲ။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."