ဟန်ကျိုးဘူတာရုံဟာ လူအနည်းငယ်ရှုပ်ထွေးစပြုနေပြီပဲဖြစ်တယ်။ လက္မှတ်ဝယ်သူကဝယ်၊ ကုန်တင်သူကတင်နဲ့ အရာရာဟာ ပုံမှန်အတိုင်းလည်ပတ်လို့နေတယ်။မီးရထားကတော့ ခရိီးသည်တွေကို တင်ဆောင်ပြီးလိုရာသွားစေဖို့ အဆင်သင့်ဖြစ်နေပြီပဲဖြစ်တယ်။မွေးရပ်မြေကိုပြန်ရ
မယ့် ကျန့်ကျန့်မှာသာ ငူငူငိုင်ငိုင် တမှိုင်မှိုင်ဖြစ်နေရတာရယ်။ ဒေါ်လေးရွှယ်နဲ့ ဖက်တီးကျိုးကလည်း မျက်နှာမကောင်းကြ။
ဒေါ်လေးရွှယ်ဆို ကျန့်ကျန့်မမြင်အောင်
ပိုးပုဝါစလေးနဲ့ မျက်ရည်တွေခိုးသုတ်နေသေးတာရယ်။သံယောဇဥ္ဆိုတာ အချိန်တိုအတွင်းမှာ တွယ်ငင်ရစ်ဖို့သိပ်ကိုလွယ်ကူလွန်းတယ် ထင်ပါရဲ့။တကယ်တော့ ကျန့်ကျန့် ရှန်ဟိုင်းကိုမပြန်ချင်သေးဘူး။ ဒါကလည်း ချစ်ရတဲ့ကိုကို့ကြောင့်ပါပဲ။ ကျန့်ကျန့်မှာ ကိုကို့ကိုခွဲနိုင်ဖို့အင်အား သေးသေးလေးတောင် ရှိမနေတာမို့။ နောက်တစ်ခုကကျတော့ ဟန်ကျိုး။ ဟုတ်တယ်။ အပြစ်ကြွေးတစ်ခုအနေနဲ့
လာခဲ့ရတာမို့ ကျန့်ကျန့်က ဟန်ကျိုးကိုသဘောမကျခဲ့ဘူး။ ဒါပေမဲ့ ဟန်ကျိုးနဲ့ တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာတဲ့အခါ မြို့ပြသေးသေးလေးရဲ့ နွေးမြမှုကို ခံစားမိလာတယ်။ ချစ်သူနေထိုင်ရာရပ်ဝန်းမို့လည်း မြင်မြင်သမျှအရာရာတိုင်းက လှပနေသလို ခံစားမိတော့တာပါပဲ။အခုဆို ကျန့်ကျန့်က သိပ်လှတဲ့ဟန်ကျိုးကို မခွဲနိုင်တော့တဲ့အထိ သဘောကျနေပြီပဲဖြစ်တယ်။ ဟန်ကျိုးသား ကိုကို့ကိုတော့ အကြီးကြီးပိုသဘောကျပြီး အများကြီး လွမ်းရပါအုံးမယ်။
ကိုကိုက ကျန့်ကျန့်ကို ဘူတာရုံလိုက်ပို့
မယ်ဆိုပြီး ခုထိရောက္မလာသေးတာမို့
ကျန့်ကျန့်မျက်ရည်ဝဲချင်နေပြီပဲဖြစ်တယ်။ လူတွေက တဖြည်းဖြည်းနဲ့ပျားပန်းခတ်မျှဖြစ်လာကြပြီ။ ကိုကို့အရိပ်အယောင်သေးသေးလေးတောင်မတွေ့ရသေး။ မီးရထားကလည်း ထွက်ခါနီးပြီမို့ ကျန့်ကျန့်ရင်ထဲ ပူလောင်နေရပြီပဲဖြစ်ပါတယ်။"ကျန့်ကျန့်! "
ကျန့်ကျန့်နောက်ကျောဘက်ကနေ လာတဲ့အသံမို့ လှည့်ကြည့်လိုက်တော့ ကိုကိုရယ် ကိုကို့မာမားရယ်က အလောတကြီးလျှောက်လာနေကြတယ်။ အများရှေ့မှာမို့ သီးသန့်နာမ်စားလေး ထုတ်မသုံးပေးတဲ့ကိုကိုက လူကြီးလူကောင်းဆန်လွန်းတယ်။
YOU ARE READING
Sweety 1920s (Completed)
Fanfic"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."