အိုက်ယား...ကျန့်ကျန့် ရင်ခုန်တာ သေတော့မလိုပဲ။ ဝမ်ကိုကိုက ကျန့်ကျန့်ကို ချစ်ရေးဆိုတယ်တဲ့လေ။ အာ့....ဒါက မယုံနိုင်စရာကောင်းလွန်းတယ်။ နောက်ပြီး ယောကျ္ားလေးအချင်းချင်း ချစ်သူလိုချစ်လို့ရတယ်လား။ ကျန့်ကျန့် ဖြင့်နားကိုမလည်နိုင်တော့ပါဘူး။ဝမ်ကိုကိုက သိပ်ကိုခံ့ညားပြီးကြင်နာတတ်တာမို့ ဝမ်ကိုကိုနဲ့ဆုံလိုက်တိုင်း ကျန့်ကျန့်ရင်ထဲ ပြင်းပြင်းပြပြလှုပ်ခတ်မှန်းတော့ သတိထားမိပါတယ်။ ကျန့်ကျန့်ကလည်း
ရှန်ဟိုင်းတက္ကသိုလ်မှာဆို မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲလေ။ ဒါပေမဲ့ ရင်မခုန်ဖူးဘူး။ ဒါဟာ သူတို့ကို ကျန့်ကျန့် အနေနဲ့ မချစ်မနှစ်သက်တာကြောင့်မို့သာဆိုရင် ဝမ်ကိုကို့အပေါ်ရင်ခုန်မိတာမျိုးကျတော့ရော အချစ်လို့သတ်မှတ်နိုင်လား။
ဟင့်အင်း...ကျန့်ကျန့် မသိတော့ဘူး...။ ဖြည်းဖြည်းချင်းစဥ္းစားမှဖြစ်မယ်...
ဟုတ်တယ်။ကျန့်ကျန့်မှာ ဖြည်းဖြည်းချင်းစဥ္းစားမယ်ဆိုပြီး တကယ်တမ်းကျ အိပ်ရာထဲ လူးလှိမ့်ပြီးတော့ကို အကြိတ်အနယ် စဥ္းစားနေမိတာပဲဖြစ်တယ်။ ဝမ်ကိုကို့အကြောင်းတွေးလေ ပိုရင်ခုန်ရလေမို့ ခေါင်းအုံးပေါ် မျက်နှာမှောက်ချပြီး ဝှက်ရတာနဲ့ စောင်ခေါင်းမြီးခြုံပြီး ပုစွန်ကွေးလေးလို ပုန်းနေရတာနဲ့ တစ်ယောက်တည်းကျိတ်ရှက်နေရတော့တာပါပဲ။ အခန်းအောင်းလွန်းလို့ ဒေါ်လေးရွှယ်ကတောင် နေမကောင်းဘူးလားလို့ လာမေးရတဲ့အထိပါပဲ။ ကျန့်ကျန့်ဟာ ချစ်အဖြေရှာတဲ့ နေ့ရက်တွေကို ဒီလိုနည်းနဲ့ဖြတ်သန်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝမ်ကိုကိုနဲ့မတွေ့ရတာ ၄ ရက်ကြီးများတောင်ရှိပါပြီ။ ဝမ်ကိုကိုကသိပ်ကိုဆိုးပါတယ်။ လူကိုချစ်တယ်ပြောပြီးမှ တမင်ရှောင်နေလို့ ရှောင်သခင်လေးလို့သာ ကင်ပွန်းတပ်ပစ်လိုက်ချင်တော့တာပါပဲ။
ကျန့်ကျန့်က အခုဆို သေးသေးလေးလွမ်းတတ်နေပြီ။ မဟုတ်သေးဘူး။ အများကြီး အများကြီးလွမ်းနေရတာ။ ဟူးးးးးးးး။ဒီ ၄ ရက်အတွင်း လှိမ့်ပိန့်စဥ္းစားရလွန်းလို့ ဦးနှောက်တွေတောင် ခြောက်သွေ့နေပြီလားပဲ။ ဝမ်ကိုကိုရဲ့ဂရုစိုက္မှုတွေအပြင် နူးညံ့လွန်းတဲ့အကြည့်တွေက ကျန့်ကျန့်ကို ရင်ခုန်စေတာအမှန်ပဲ။ နောက်တစ်ခုက ဝမ်ကိုကိုရဲ့ ကိုယ်သင်းနံ့ကိုသိပ်သဘောကျတယ်။ ခိုးမွှေးရှိုက်ရတာကိုက တစ်မျိုးတစ်မည် ရင်ခုန်စရာကောင်းနေသေးတော့တာရယ်။လုံခြုံနွေးထွေးသွားသလို ခံစားချက်ကိုလည်း ပေးစွမ်းစေပါတယ်။

YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."