"ယေး...တောင်ပေါ်ရောက်ခါနီးပြီ"ကျန့်ကျန့် ဝမ်းသာအားရအော်လိုက်တော့ ဝမ်ကိုကိုက ပြုံးကြည့်လာတယ်။ကျန့်ကျန့်တို့အခု ပေါင်းရှီတောင်ရဲ့ အတက်လမ်းမှာရောက်နေတာပဲဖြစ်တယ်။ ဝမ်ကိုကို့သက္ကလပ်ဉီးထုပ်ဝိုင်းလေးကို ဆောင်းထားတဲ့
ကျန့်ကျန့်က ကလေးတစ်ယောက်လို ခုန်ပေါက္မြူးထူးနေရောပဲ။ ကျောက်သားလှေကားထစ်လေးတွေပေါ် ခြေကိုစုံခုန်ပြီးတော့ကို တက်နေသေးတာရယ်။ဝမ်ကိုကိုကတော့ ကျန့်ကျန့်လက်ဖဝါးတွေကို ဆုပ်ကိုင်တွဲပြီး ထိန်းနေရှာတယ်။"ဖြည်းဖြည်း...ချော်လဲနေမယ် "
"ဝမ်ကိုကိုလည်း လိုက်ခုန်ကြည့်လေ ပျော်ဖို့ကောင်းတယ်"
"အဟမ်း...ကိုယ်က ကလေးမဟုတ်ဘူး"
"အမ်...ကျန့်ကျန့်လည်း ကလေးမဟုတ်ပါဘူး...ဒါပေမဲ့ ခုန်တာပဲကို"
"မဆိုးနဲ့ ကျန့်ကျန့်... ရှေ့မှာ ပေါင်းချုဘုရားကိုလှမ်းမြင်နေရပြီ"
"အွန်အွန်း"
ပေါင်းချုဘုရားဟာ ပြန့်ပြူးတဲ့မြေပြင်ပေါ်မှာရှိနေတာဖြစ်ပြီး ကျန့်ကျန့်တို့ရောက်နေတဲ့ ကျောက်လှေကားထစ်လေးတွေအဆုံးမှာတော့ သဘာဝအလျောက်
အဆင့်ဆင့်စီရီနေတဲ့ ဧရာမကျောက်တုံးကြီးတွေက ကြားခံလို့နေတယ်။ကျောက်တုံးကြီးတွေပေါ်က လမ်းကျဉ်းလေးက ခပ်သေးသေးမို့ သတိထားပြီးသွားရမှာပဲဖြစ်တယ်။ ဘုရားတစ်ခါဖူးဖို့အရေး ကျန့်ကျန့်အင်္ကျီလက်ကိုခေါက်တင်လိုက်ရသလို ဘောင်းဘီရှည်ကိုပါ ခေါက်နေရပြီပဲဖြစ်ပါတယ်။ဝမ်ကိုကိုကတော့ ကျောက်တုံးကြီးတွေပေါ် ခပ်တိမ်တိမ်ဖောက်ထားတဲ့ လမ်းကျဉ်းကျဉ်းရဲ့အနေအထားကိုစူးစမ်းနေလေရဲ့။"ကျန့်ကျန့်...လာ"
ဩရှပီသတဲ့ ခေါ်သံနဲ့အတူ နူးညံ့နွေးထွေးတဲ့ လက်ဖဝါးပြင်ကျယ်ကြီးထဲ ကျန့်ကျန့်လက်ဖဝါးလေးတွေ ထပ်မံရောက်ရှိလို့သွားတယ်။ ဝမ်ကိုကိုက ပေါင်းရှီတောင်ပေါ်တက်ကတည်းက ကျန့်ကျန့်လက်ကို တွဲထားခဲ့တာပဲဖြစ်တယ်။ ကျန့်ကျန့်သတိထားမိသလောက်ဆို ဝမ်ကိုကိုက
ကျန့်ကျန့်ကိုဆို အမြဲလိုလို လက်တွဲလေ့ရှိတယ်။အဲ့ဒီအပြုအမူက ကျန့်ကျန့်ကို ကလေးတစ်ယောက်လိုခံစားမိစေတယ်။
နွေးထွေးလွန်းတာမို့ အားကိုးတကြီး ဖက်တွယ် ဆုပ်ကိုင်ပစ်လိုက်ချင်တာမျိုးပေါ့။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."