အရှေ့ဘက်ကန်ဆီသွားတဲ့
မြေသားလမ်းကျဉ်းလေးမှာ Phoenix စက်ဘီးတစ်စီး တရွေ့ရွေ့နင်းဖြတ်လို့လာနေတယ်။ အရှေ့က နင်းနေတဲ့သူက
ပိုးသူဌေးလေးဝမ် ဖြစ်ပြီး နောက်ခုံမှာထိုင်လိုက်လာသူကတော့ ဟန်ကျိုးရဲ့ရွှေဧည့်သည်လေး ကျန့်ကျန့်ပဲဖြစ်တယ်။ဟုတ်ပါတယ်။ ခြေထောက်ဒဏ်ရာ သက်သာသွားပြီဖြစ်တဲ့ကျန့်ကျန့်ကို ရိပေါ် ဖွင့်ပြောတော့မှာမို့ လေကောင်းလေသန့်ရှူဖို့အကြောင်းပြပြီး အရှေ့ဘက်ကန်ဆီ ပ,ထုတ်လာခဲ့တာပဲဖြစ်တယ်။
မကြာခင် ဩဂုတ်လရောက်တော့မယ်။
ကျန့်ကျန့်က နွေရာသီကျောင်းပိတ်ရက်ပြီးတာနဲ့ ပြန်ရမှာမို့ ရိပေါ် အချိန်သိပ်ဆွဲလို့
မဖြစ်တော့ဘူး။ ကျန့်ကျန့်ဘက်က အကြောက်အကန်ငြင်းမှာမျိုးကို စိုးရိမ်မိပေမဲ့ မျှော်လင့်ချက်ရေးရေးလေးကိုတော့ ဖမ်းဆုပ်ထားခွင့်ရှိပါသေးတယ်။အချစ်ဟာ အချစ်ပဲဖြစ်တယ်။ မျိုးတူယောက်ျားချင်းပေမဲ့ ကျန့်ကျန့်ဖြစ်နေလို့ကို ထပ်ပိုးလို့ အမြတ်တနိုး ချစ်နေရတာပါပဲ။
ခါးထက်က ပိုးသားအင်္ကျီအစနှစ်ဖက်ကို ကိုင်ထားတဲ့ လက်ချောင်းသွယ်တွေရဲ့ ထိတွေ့မှုမှာ ရိပေါ်ရင်ဟာ ပရမ်းပတာလှုပ်ခတ်တယ်။ ဖွင့်ပြောရမှာမို့ စိတ်လှုပ်ရှားနေတဲ့သူ့ကို လောင်စာထပ်ဖြည့်ပေးနေသလိုပါပဲ။ ၂၅ နှစ်ပြည့်ခါနီးနေတဲ့သူ့အတွက်တော့ ဆယ်ကျော်သက်ရင်ခုန်သံဟာ အခုမှ ခေါင်းပြူထွက်စပြုနေတုန်းပဲဖြစ်တယ်။
အရှေ့ဘက်ကန်ဆီရောက်တဲ့အခါ စက်ဘီးရပ်လိုက်ပြီး ကျန့်ကျန့်အဆင်းကိုစောင့်တယ်။ နောက်တော့ သူပါ စက်ဘီးပေါ်က ဆင်းလိုက်ပြီး သစ်ပင်ရိပ်အောက် ဒေါက်ထောက်ထားလိုက်တယ်။ ပြီးတာနဲ့ ကျန့်ကျန့်လက်ကို ဖွဖွဆွဲလို့ ကန်စပ်ထိလျှောက်သွားလိုက်ပါတယ်။
သစ်ပင်ရိပ်အောက် မြက်ခင်းပြင်မှာ ခြေဆင်းထိုင်ရင်း ရေကန်ဘက်ဆီ မျက်နှာမူထားတဲ့ကျန့်ကျန့်ကို နူးညံ့တိုးဖွစွာ ခေါ်လိုက်တယ်။"ကျန့်ကျန့်"
"ဟင် !"
ရိပေါ်ခေါ်လိုက်တာနဲ့ ခေါင်းကလေးစောင်းငဲ့ကြည့်ရင်း ထူးလာလေရဲ့။
![](https://img.wattpad.com/cover/304702124-288-k323054.jpg)
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."