(5)Zawgyicode

1K 47 0
                                    


ရိပေါ် တရွေ့ရွေ့နင်းလာတဲ့ စက်ဘီးရဲ့ ဉီးတည်ရာဟာ အရှေ့ဘက်ကန်ရှိရာအရပ်ဆီပဲဖြစ်တယ်။ ဒါပေမဲ့ ကျန့်ကျန့်ကတော့ သိနေလောက္မယ်မထင်ဘူး။

"ပိုးသူဌေးလေးဝမ်!"

"ဟင်! "

ရိပေါ် ရဲ့နောက်ကျောက ထွက်လာတဲ့အသံက တကယ့်ကိုသေးသေးလေး။ သူအနောက်ဘက်ဆီ ခေါင်းငဲ့ကြည့်တော့
မျက်ဝန်းကြည်တောက်တောက်လေးတွေကို တစ်စွန်းတစ်စမြင်ရတယ်။

"အခုက ဘယ်ကိုပြန်နေတာလဲဟင်...ကျန့်ကျန့်ဘယ်မှာနေမှန်းသိလို့လား"

"ကျန့်ကျန့်နဲ့ကိုယ်နဲ့ဆုံခဲ့ကြတာက အရှေ့ဘက် ကန်မှာလေ...အဲ့တုန်းက ကျန့်ကျန့်က လမ်းလျှောက်လာတာဆိုတော့...အရှေ့ဘက်ကန်ရဲ့အနီးတစ်ဝိုက္မှာနေတာပဲဖြစ်မှာပေါ့ ဟုတ်တယ်ဟုတ်..."

"ဟုတ်တယ်...ဟုတ်တယ်...ဟား...ပိုးသူဌေးလေးဝမ်က ဉာဏ်ကောင်းလိုက်တာ"

ရယ်သံစွက်လို့ ချီးကျူးစကားဆိုရင်းကနေ ရိပေါ်ခါးက အင်္ကျီစကို ဆွဲလှုပ်နေသေးရဲ့။ ရင်ခုန်နှုန်းဟာ ကျန့်ကျန့်လက်ချောင်းသွယ်တွေကြားက ပိုးသားအင်္ကျီအနားစလေးနဲ့ထပ်တူ နူးညံ့စွာလူးလွန့်လှုပ်ခတ်ပါတယ်။

"ကိုယ့်ကို ခုထိပိုးသူဌေးလေးဝမ်လို့ ခေါ်နေဉီးမှာလား"

"ဟင်...တခြားသူတွေလည်းအဲ့လိုခေါ်တာပဲမဟုတ်ဘူးလား"

"ကျန့်ကျန့်က တခြားသူမှ မဟုတ်တာ"

"တခြားသူမဟုတ်ဘူးဆိုတော့ ကျန့်ကျန့်က ဘာလဲဟင်"

'ကျန့်ကျန့်က ကိုယ့်ရဲ့...ကိုယ်ချစ်ရတဲ့ ကျန့်ကျန့်ပေါ့'

ရိပေါ် ဒီစကားကိုတော့ ရင်ထဲမှာပဲသိမ်းထားလိုက်ပြီး

"ကျန့်ကျန့်က ကိုယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်လေ"

"အော့...ကျေးဇူးရှင်ကိုး...ကျေးဇူးမလိုပါဘူးဆိုတာကို"

ရိပေါ်စိတ်ထင် ကျန့်ကျန့်အသံလေးဟာ ပိုလို့တောင် တိုးဖျော့သွားသလိုပါပဲ။ အသံအဖျားနားလေးတောင် တုန်ခိုက်သွားသလိုလို...။

"ကိုယ့်အတွက်တော့ ကျန့်ကျန့်ရဲ့စေတနာတွေက တန်ဖိုးဖြတ်လို့မရပါဘူး...ကျေးဇူးတရားဆိုတာ မေ့ထားလို့မှမဖြစ်နိုင်ဘဲ"

Sweety 1920s (Completed)Where stories live. Discover now