ရိပေါ် နိုးလာတော့ နေပြောက်သေးသေးတွေတောင် မှန်ပြတင်းကနေတစ်ဆင့် လိုက်ကာကြားက တိုးဝင်ဖြာကျနေပြီပဲ
ဖြစ်တယ်။ သူညက ဆေးအရှိန်နဲ့အစောကြီး အိပ်ပျော်သွားခဲ့တာပဲ။ ရင်ဘတ်ပေါ်ကစောင်ကို အသာလှပ်လိုက်ပေမဲ့ တော်တော်နဲ့ဆွဲမရ။ နာကျင်လေးဖင့်နေတဲ့ ခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်တော့ ကုတင်ပေါ်မေးတင်ပြီး အိပ်ပျော်နေပါသော သူ့ရဲ့ အသည်းညှာလေး ကျန့်ကျန့် ။ဖိစောင်းအိပ်ထားတာမို့ ပါးတစ်ဖက်က လုံးလုံးကလေးထွက်နေလိုက်သေး။ နှုတ်ခမ်းကလေးဟာလည်း စူလို့ ထော်လို့ရယ်။ တစ်ညလုံး ဒီပုံစံနဲ့များ အိပ်ပျော်နေသလားပဲ။ ညောင်းကိုက်ကုန်တော့မှဖြင့်။
ခုလိုမျိုး ဖြစ်သလိုအိပ်နေတာလေး မြင်ရတဲ့အခါ ရိပေါ်စိတ်မကောင်း။
ကျကျနနအိပ်စေချင်ပါသော်လည်း မနှိုးရက်ပြန်တာမို့ ကျန့်ကျန့်နဖူးပေါ် ဝဲကျချင်နေတဲ့ ဆံပင်ကလေးတွေကိုသာ လက်ညှိုးလေးနဲ့ ဖွဖွသပ်တင်ပေးနေလိုက်တော့တယ်။မနေ့က ဩဂုတ်လ ၅ ရက် ၊ ရိပေါ် ရဲ့မွေးနေ့။ ကျန့်ကျန့်နဲ့မတွေ့ရတာကြာနေပြီမို့ မရရအောင်ခေါ်ထုတ်ပြီး ညနေစာကျွေးဖို့ ပြင်ဆင်ထားပြီးသား။ ဖြစ်ချင်တော့ ပွဲရုံကို ရိပေါ်နာမည်နဲ့ အိတ်ဖွင့်စာတစ်စောင်ရောက်လာတယ်။ သေချာပေါက် ဟောင်ကောင်ပွဲစား စတီဗင်လီရဲ့ အစွယ်အပွါးတွေပေါ့။ ဒီကိစ္စကို ဒီမှာတင်အပြတ်ဖြတ်ချင်တာမို့ သူတို့ချိန်းဆိုတဲ့ အနောက်ဘက်ရေကန်ဆီ သွားဖြစ်ခဲ့တယ်။
ကောင်းကင်တစ်ခွင်လုံး အုံ့အုံ့မှိုင်းမှိုင်းမို့ အနောက်ဘက်ကန်မှာ လူသူခြောက်ကပ်လို့နေတယ်။ ၈ ယောက် ၁ယောက္မို့ လူအင်အားချင်းမမျှပေမဲ့ ကိုယ်ခံပညာကိုအသုံးချနိုင်စွမ်းတဲ့ ရိပေါ်ကြောင့် တစ်ဖက်လူရဲ့ တပည့်တပန်းတွေကို အလျင်အမြန် လှဲသိပ်လိုက်နိုင်တယ်။ ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူနဲ့ကတော့ လက်ရည်မကွာတာရယ် ၊ ခြေကုန်လက်ပန်းကျနေချိန်ရယ်မို့ အတော်လေး ခုခံလိုက်ရတယ်။
နောက်ဆုံးရိပေါ်ဘက်က အထိနာတဲ့အချိန် ရုတ်တရက် သစ်သားတုတ်နဲ့ ဝင်ရိုက်တဲ့သူက ရိပေါ်ရဲ့ ချစ်ရပါသောလေး။ စိုးထိတ်ပူပန်ရပေမဲ့ မိုးကသည်းလာတာကြောင့် ဒဏ်ရာတွေနဲ့ရိပေါ်ဟာ ကျန့်ကျန့်ကို
ကာကွယ်မပေးနိုင်ခဲ့သလို စကားသံသေးသေးလေးတောင် ထွက္မလာနိုင်ခဲ့ဘူး။မိုးရေစက်တွေကြား မျက်လုံးကိုအားယူ
ဖွင့်ပြီး ကျန့်ကျန့်ကို မျက်ခြေမပြတ်ကြည့်နေခဲ့ရတာ။ နောက်ဆုံး တစ်ဖက်လူ မှောက်သွားချိန်မှပဲ ရိပေါ်လည်း သက်ပြင်းချနိုင်တော့တယ်။
![](https://img.wattpad.com/cover/304702124-288-k323054.jpg)
YOU ARE READING
Sweety 1920s (Completed)
Fanfic"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."