(9)Unicode

2.1K 257 4
                                    

ဝမ်ကိုကိုက ကျန့်ကျန့်ကို ပေါင်းရှီတောင်လိုက်ပို့မယ်ဆိုပြီး ခုထိမပို့ပေးသေးဘူး။အလုပ်တွေသိပ်သိပ်ရှုပ်နေလို့ပါတဲ့လေ။ နောက်ပြီး ဒီရက်ပိုင်း မိုးသားတွေအုံ့တုံ့တုံ့မို့ မသွားဖြစ်တာလည်းပါတယ်။ ညနေဘက်တွေမှာတော့ ကျန့်ကျန့်ဆီ လာလည်ပါရဲ့။အဲ့ဒီအခါကျရင် ဒန်ချိုင့်လုံးလုံးလေးထဲ ဖျန်းအာချွမ်း ဒါမှမဟုတ် အမဲလုံးနိုင်းချင်းနဲ့ခေါက်ဆွဲတွေ ဝယ်ထည့်လာတတ်တယ်။အသီးတွေလည်းဝယ်လာတတ်သေးရဲ့။ ဟိုနေ့ကဆို ဒူးရင်းသီးဝယ်လာလို့ ကျန့်ကျန့် ဖြင့် အပေါ်ထပ်တက်ပြေးရတဲ့အထိပဲ။ဝမ်ကိုကိုက အားနာသွားပုံရတယ်။ ကျန့်ကျန့်မကြိုက်တဲ့အရာတွေကို မှတ်ထားပေးပါ့မယ်တဲ့လေ။

ကျန့်ကျန့်ကရော ဘာနဲ့ဧည့်ခံသလဲလို့မေးလာရင်တော့ အပြုံးလေးနဲ့ဧည့်ခံတယ်လို့ဖြေပါမယ်။ ဟုတ်ပါတယ်။ ကျန့်ကျန့်က ပလုတ်ပလောင်းစားရင်းနဲ့ကို အပြုံးအကြီးကြီးပေးပစ်တာပါ။ဝမ်ကိုကို စိတ်မဆိုးလောက်ဘူးလို့တော့ ထင်တာပါပဲ။

ခုနောက်ပိုင်း ဝမ်ကိုကိုကျေးဇူးနဲ့ ဒေါ်လေးရွှယ်က ကျန့်ကျန့်အပေါ် တအားမတင်းကြပ်တော့ဘူး။ ပါပါးဆီကိုတောင် စာပို့ပေးလိုက်သေးတယ်။ ကျန့်ကျန့်တစ်ယောက် သေးသေးလေးလိမ္မာနေပါပြီဆိုပြီးတော့ပေါ့။ ဒီနေ့ဆို ကျန့်ကျန့် ဖက်တီးကျိုးနဲ့အတူ မြို့ထဲထွက်လာတာရယ်။
ဒေါ်လေးရွှယ်က မုန့်ဖိုးတောင်ပေးလိုက်သေး။ ကျန့်ကျန့်ခုတလော ကံဇာတာတက်နေပြီထင်ပါရဲ့။

ဖက်တီးကျိုးရဲ့စက်ဘီးနောက္မှာထိုင်လိုက်ရတာ ဝမ်ကိုကို့နောက္မှာ ထိုင်လိုက်ရတာလောက် ပျော်စရာမကောင်းဘူး။ ဖက်တီးကျိုးရဲ့ ခါးကိုကိုင်ဖို့ကျတော့ ခါးကရှိမနေဘူး။ အဆီအိအိတွေနဲ့ ဗိုက်ပူပူကြီးပဲရှိတာရယ်။ အင်္ကျီကိုကိုင်ဖို့ကျပြန်တော့ ဗိုက်နားတစ်ဝိုက္မှာ တစ်တုတ်ပြီး ကြပ်နေတာမို့ အစနှစ်ဖက်ကနေ ကိုင်လိုက်ရင် ကြယ်သီးပြုတ်မယ့်သဘောမှာရှိတယ်။ အဲ့ဒါကြောင့် စက်ဘီးထိုင်ခုံကိုပဲ ကိုင်ထားရတာမို့ သက်တောင့်သက်သာမရှိဘူးပေါ့။

ဟန်ကျိုးရဲ့မြို့စျေးကိုရောက်တော့ ဖက်တီးကျိုးက စက်ဘီးရပ်ဖို့နေရာရှာတယ်။ကျန့်ကျန့်လည်း စျေးဝကို လှမ်းကြည့်လိုက်တော့  အဖွားအိုတစ်ယောက် အထုပ်တွေမနိုင်မနင်းသယ်ပိုးလို့ တုံတုံချိချိလမ်းဖြတ်ကူးနေလေရဲ့။
လန်ချားသမားတွေ အော်ငေါက်နေပြီမို့ အဖွားဆီအပြေးသွားပြီး ခွင့်တောင်းလို့ ပစ္စည်းတွေလက်လွှဲသယ်လိုက်တယ်။ အဖွား တွဲနိုင်စေဖို့ ကျန့်ကျန့်လက္မောင်းလေးပါ အဆင်သင့်​ကြွပေးထားလိုက်တယ်။ လျော့တွဲကျနေတဲ့ လက်ဖမိုးတစ်ဖက်ဟာ ကျန့်ကျန့်လက္မောင်းဆီ တွယ်ချိတ်အပြီးမှာတော့ လမ်းကူးခြင်းလုပ်ငန်းကို စတင်ပါတယ်။ ဖြည်းဖြည်း မှန်မှန်အပြင် လန်ချားသမားနဲ့ကားပိုင်ရှင်တွေကို တောင်းပန်တိုးလျှိုးရင်းနဲ့ပေါ့။

Sweety 1920s (Completed)Where stories live. Discover now