ရိပေါ် စာကြည့်စားပွဲပေါ် လက်ဆစ်နဲ့ တတောက်တောက်ခေါက်နေလိုက်ရင်း မှန်ပြတင်းကနေ အပြင်ကိုလှမ်းငေးတော့ ရာသီဥတုကကြည်စင်သာယာနေတယ်။ကောင်းကင်ပြင်က ညို့မှိုင်းမှုန်ဝေနေတာလည်းမဟုတ်ပါဘဲ ဘာလို့များနေလို့ထိုင်လို့မကောင်းရတာပါလိမ့်။မဟုတ်မှ
သူ့စိတ်ထဲ အုံ့မှိုင်းနေလို့များ သက်သောင့်သက္သာရှိမနေတာလားပဲ။သေချာတာကတော့ အသည်းဆီက ဒုတိယမြောက်ပြန်စာရောက္မလာလို့ပဲ
ဖြစ်မယ်။ နောက်တစ်ပတ်ကျရင် ရှန်ဟိုင်းကိုသွားဖို့ ပြင်ဆင်ထားပေမဲ့ အသည်းဘက်က အခြေအနေကို ခုထိမသိရသေးတာမို့ ရိပေါ် စိတ်ထဲစိုးထင့်ပူပန်လာ
ရတယ်။ ဖြစ်နိုင်ရင် အသည်းကို သက္ကလပ်ဦးထုပ်ဝိုင်းလေးလို သွားလေရာသယ်သွားချင်မိတော့တာပါပဲ။ဝေးနေရတဲ့ကာလတွေမှာ အချိန်က နှလုံးသားကိုပါ ပွန်းပဲ့ကြွေအောင် တိုက်စားတတ်ပြန်ပါသေးရဲ့။ဒါကြောင့် နောက်တစ်ပတ်အထိမစောင့်နိုင်တော့ဘဲ ဒီအပတ်ပိတ်ရက္မှာ ရှန်ဟိုင်းကိုသွားဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ဟိုရောက္မှပဲ အသည်းနဲ့ဆက်သွယ်ဖို့အတွက္ မီးစင်ကြည့်ကရတော့မှာပါပဲ။စာလွှာလေးတောင်မပါးနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလိုက်တာများ
ဟူး...ကျန်းခံ့သာလို့မှ မာပါရဲ့လား အသည်းရေ...။~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန့်ကျန့် အခုဧည့်ခန်းထဲမှာ စိတ်ပျက်လက်ပျက်ထိုင်နေတယ်။ ပါးက စာတွေ့သွားတဲ့နေ့ကစပြီး ကျန့်ကျန့်ကို အပြင်ပေးမထွက်တော့ဘဲ အမြဲစောင့်ကြည့်နေတော့တာရယ်။ ကျောင်းလည်းမတက်ရသလို
ခြံထဲတောင်မဆင်းရဘူး။ အခန်းထဲပိတ်လှောင်မထားတာပဲ တော်သေးတယ်ပြောရမယ်။ဒါကလည်း ပါးနဲ့မားက ကိုကို့အကြောင်းမေးကြတာကို ကျန့်ကျန့်က အဆုံးထိတင်းခံပြီး ပြောမပြလို့ပဲဖြစ်တယ်။ ကျန့်ကျန့်ကတော့ ကိုကို့သဘောတူညီချက္မရဘဲ မပြောပြချင်သေးပါဘူး။ ကိုကို့အသိုင်းအဝိုင်းနဲ့ ဂုဏ်သိက္ခာအရ ကျန့်ကျန့်ခေါင်းမာသင့်ရင် မာရမှာပါပဲ။ ကိုကို့ဆီ စာရေးပြီး ဒီဘက်ကအခြေအနေကို အကြောင်းကြားချင်ပေမဲ့လည်း အဝင်အထွက္မှာ လူစောင့်တွေထပ်တိုးချပြီးစောင့်နေကြတာမို့ ကျန့်ကျန့်ခုထိ မလှုပ်ရှားရဲသေးဘူးရယ်။
YOU ARE READING
Sweety 1920s (Completed)
Fanfiction"အနောက်ဘက်ရေကန်ရဲ့ ဇာတ်လမ်းလိုမျိုး တစ်စုံတစ်ယောက်က ကျန့်ကျန့်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်ရော..."