🧸Episode 8🧸

2.8K 236 1
                                    

"ဂျွန် ရယ် ရက်စက်လိုက်တာ။ကင်မ်ကိုမချစ်လည်းရပါတယ်။ဒါပေမယ့် ကင်မ်ရှေ့မှာ တခြားမိန်းမတစ်ယောက်ကိုချစ်ပြနေတာမြင်တော့ ကင်မ် ကင်မ် ဘယ်လိုခံနှိုင်ရည်ရှိပါ့လဲပြီးတော့ ဂျွန် ဂျွန်က ကင်မ်ကိုတောင် ဂျွန်နဲ့အတူလာမနေခိုင်းပါဘဲ ထိုသူမကိုတော့ဟင့် ဟင့် ဟင့်"

~ Internal Love Of Kim ~

"ဟမ် "

"ဟုတ်တယ် ဒါတွေအကုန်ကင်မ်မင်းသားရဲ့အကိုတော်စီစဉ်ပေးတာလေ"

ကင်မ်လည်း ဂျွန် ဟာသူ့အပေါ်အာ့လောက်ကောင်းပေးသူမဟုတ်မှန်းသိသော်ငြား တခါလေးဖြစ်ဖြစ်ဂရုစိုက်တာခံကြည့်ချင်မိသည်။ဂျွန် နဲ့ပါတ်သတ်ရင် ကင်မ် ကအမြဲမျှော်လင့်မိနေတတ်သူဖြစ်လာသည်။ဂျွန် သာ "ကင်မ်"ဟုတခွန်းတည်းခေါ်ကြည့် ကင်မ် ကသေလမ်းတောင်ဖြစ်နေပါစေသွားဖို့အသင့်ပေ။ကင်မ်လည်းဆက်မတွေးတော့ဘဲ အဆောင်ထဲသို့နားရန်ဝင်လိုက်တော့သည်။ထို့နောက် အနောက်ဘက်ပြန်လှည့်ကာ တံခါးပိတ်ရန်တံခါးနှစ်ဖက်ကိုကိုင်လိုက်စဉ် မျက်နှာချင်းဆိုင်အဆောင်တော်မှတွေ့လိုက်ရသောမြင်ကွင်းကြောင့် ကင်မ်ကြောင်နေမိသည်။

ထိုမြင်ကွင်းမှာ...
ကင်မ်ချစ်တဲ့ ဂျွန်ဟာ မိန်းကလေးတစ်ယောက်ကိုရင်ခွင်ထဲထည့်ကာ ပြုံးပျော်ရယ်မောနေလေသည်။ဂျွန်ပြုံးတာ ကင်မ်တခါမှမမြင်ဖူးခဲ့ပေ။ဂျွန် ရက်ရောစွာပြုံးနေသည်မှာ ထိုမိန်းကလေးကြောင့်ဆိုတာသေချာပေသည်။ဒါဆို ချွဲဆိုရီ ချွဲဆိုရီ ဆိုတာသူပဲထင်တယ်ဟု ကင်မ်တွေးမိလိုက်သည်။ထိုမြင်ကွင်းကိုဆက်မမြင်ရက်တော့တာမို့ ကင်မ်တခါးကိုအသာပိတ်၍တံခါးကိုပြန်မှီကာ ထိုင်ချလိုက်သည်။

"ဂျွန် ရယ် ရက်စက်လိုက်တာ။ကင်မ်ကိုမချစ်လည်းရပါတယ်။ဒါပေမယ့် ကင်မ်ရှေ့မှာ တခြားမိန်းမတစ်ယောက်ကိုချစ်ပြနေတာမြင်ရတော့ ကင်မ် ကင်မ် ဘယ်လိုခံနှိုင်ရည်ရှိပါ့မလဲ။ပြီးတော့ ဂျွန် ဂျွန်က ကင်မ်ကိုတောင် ဂျွန်နဲ့အတူလာမနေခိုင်းပါဘဲ ထိုသူမကိုတော့။ ဟင့် ဟင့် ဟင့်"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Tempat cerita menjadi hidup. Temukan sekarang