ကင်မ်၏ပျော်နေသောပုံလေးကြောင့် ဂျောင်ဂုလည်းထပ်တူပျော်ရွှင်ရပေသည်။အသိစိတ်ကသာ ချွဲဆိုရီ ဆီမှာရှိနေပေမယ့် မသိစိတ်ကတော့ ကင်မ်ကိုသာ တမ်းတနေမိသလို ခင်တွင်နေမိသည်။ထို့နောက်အခန်းထဲတွင် သာယာသောမိသားစုလေး၏ရယ်သံများပြည့်လျှံသွားလေသည်။
~ Internal Love Of Kim ~
ရာသီတွေအလီလီပြောင်းလို့ ဆောင်းဦးတောင်ရောက်ရှိလာပေပြီ။ဒီလတွေအတွင်း ဂျောင်ဂု နဲ့ ကင်မ် ရဲ့ဆက်ဆံရေးဟာ သိသိသာကောင်းမွန်လာသလို ဂျောင်ဂုဟာ အမြဲလိုလို ကင်မ်အဆောင်တော်မှာတွေ့ရတတ်တယ်။ချွဲဆိုရီကလည်း ဘာ့ကြောင့်မသိ ဂျောင်ဂုရဲ့ လုပ်ရပ်တွေကိုသိသိသာသာ လိုက်မရှုပ်ပေ။ဂျောင်ဂု ကတော့ချွဲဆိုရီ၏ နားလည်ပေးတတ်မှုကိုအသိအမှတ်ပြုကာ ချွဲဆိုရီအပေါ်အားနာမိသည်။ဂျောင်ဂုရဲ့ ခံစားချက်တွေကလည်းသိသိသာသာရှုပ်ထွေးလျက်ရှိနေတုန်းပင်။
"သတင်းပို့ပါတယ် Jeon အရှင်...
ကင်မ်မင်းငားမှ သားယျော်းလေးဖွားမြင်ပြီးကြောင်းပါအရှင်""ဘာ.."
ဂျောင်ဂုမှာညီလာခံကျင်းပနေရင်း ကင်မ် အကြောင်းသတင်းပို့လာသည်မို့ ချက်ချင်းညီလာခံတောင်မပြီးသေးပါဘဲ ကင်မ်အဆောင်တော်ကို ပြေးကာအလောတကြီးထွက်သွားလေသည်။
အမတ်များကတော့ကောင်းချီးဩဘာပေးယုံမက Jeon အရှင်အတွက်ဂုဏ်ယူမဆုံး ဆုတောင်းစကားတွေပြောနေကြသည်။
"ကဲ အရှင်လည်းသွားပြီဆိုတော့ညီလာခံကို နောက်ရက်ရွှေ့ကြတာပေါ့"
"ကောင်းပါပြီအမတ်ကြီး"
ပညာရှိအမတ်ကြီးမှ အရှင့်အစား ညီလာခံသိမ်းပေး၍ ဘုရင် Min YoonGi အား ညီတော်ကင်မ်ဖွားမြင်ပြီဖြစ်ကြောင်းသတင်းပေးရန်စာလွှာတော်ကို ချက်ချင်းရေးလိုက်သည်။ဒီသတင်းကြားရင် ဘုရင်ကြီးလည်းပျော်နေရောပေါ့။ဘုရင်ကြီးဟာ သူ့ညီတော်ကိုအရမ်းဂရုစိုက်တာသူအသိပင်။Jeon ဘုရင်ကိုစိန်မချ၍ ကျွန်ုပ်ကိုအပ်ကာ နောက်ကွယ်က ကင်မ်မင်းသားလိုအပ်သည်များကိုထောက်ပံ့ပေးခဲ့သည်။ကင်မ်မင်းသားအဖော်ရရန်လည်း Park ဘုရင်ကို Jeon တိုင်းပြည်ကိုပို့ပေးခဲ့သည်။Park ဘုရင်ကလည်းမဆိုင်းမတွ ဘုရင်ရာထူးကိုချက်ချင်းစွန့်ကာ ကင်မ်မင်းသားအနားအရိပ်လိုလိုက်ကြည့်နေပေးခဲ့သည်မဟုတ်လား။ဒီအကြောင်းတွေကို ကျွန်ုပ်နှင့် Park မင်းသား ဘုရင် Min YoonGiတို့သာသိသည့်လျှို့ဝှက်အကြောင်းပင်ဖြစ်ပေသည်။

ВЫ ЧИТАЕТЕ
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Фанфик*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌