ဂျောင်ဂုမှာထိုမိန်းမနာမည်တောင်မကြားချင်တော့ပေ။ဂျောင်ဂုလည်းဆုံးဖြတ်ချင်တခုချကာ နန်းတော်ထဲသို့ ဘေးကအစောင့်နှစ်ယောက်ကြားမှဝင်လာသော ချွဲဆိုရီ ဆီပြေးကာ...
~ Internal Love Of Kim~
"ကဲသက်သေတွေစုံပြီဆိုတော့ ဂျောင်ဂုကချွဲဆိုရီကိုဘယ်လိုလုပ်ချင်လဲ ပြောပါဦး အဟတ်"
ဘုရင်မင်ယွန်းဂီမှဂျောင်ဂုကိုကြည့်ကာ ခနဲ့စွာမေးငေါ့သည်။
"ကဲချွဲဆိုရီကိုဆင့်ခေါ်လိုက်"
ဂျောင်ဂုမှာထိုမိန်းမနာမည်တောင်မကြားချင်တော့ပေ။ဂျောင်ဂုလည်းဆုံးဖြတ်ချင်တခုချကာ နန်းတော်ထဲသို့ ဘေးကအစောင့်နှစ်ယောက်ကြားမှဝင်လာသော ချွဲဆိုရီ ဆီပြေးကာ...
"အ့ "
အခြေအနေတွေမြန်ဆန်လွန်းတာကြောင့် အားလုံးဟာ မျက်စံပြူးပြူးများဖြင့်...
ဂျောင်ဂုက ချွဲဆိုရီ အားဓားနှင့်ပြေးထိုးခြင်းဖြစ်သည်။
တချက်!!!
နှစ်ချက်!!!!
သုံးချက်!!!!ထို့နောက် ဂျောင်ဂုကအရူးတယောက်သဖွယ်စိတ်လွတ်ကာ ချွဲဆိုရီ ၏ ကိုယ်လုံးကိုအစိတ်စိတ်ခုတ်ဖြတ်လေတော့သည်။မည်သူမျှလည်းဝင်မဆွဲပေ။အမျိုးယုတ်မပင်မဟုတ်လား။စိတ်ထားဖြူစင်ပြီးနူးညံ့လွန်းလှသည့် ကင်မ်မင်းသားကို မှလုပ်ကြံရဲသည်မဟုတ်ပါလား။အားလုံးကလည်း အရှင်ဂျွန် လုပ်ရပ်ကိုထောက်ခံကာ ကင်မ်မင်းသားအားအကြင်နာပိုမိကြသည်။မကြာမီချွဲဆိုရီဟာ ရုပ်ပျက်ဆင်းပျက်ဖြင့်သွေးချင်းချင်းနီကာစကားတောင်တခွန်း မဟနိုင်ပါဘဲ သေဆုံးသွားလေပြီ။ဒါကိုဂျောင်ဂုက ဓာတ်ဆီဗုန်းကိုယူကာ မီးရှို့ဖျက်ဆီးလေသည်။ဤအခြေအနေကိုကြည့်ခြင်းဖြင့် ဂျောင်ဂုဟာ ဘယ်လောက်ဒေါသထွက်နေလဲအသိအသာပင်။သို့သော်ထိုဒေါသများကအချိန်လွန်ဒေါသပင်ဖြစ်လင့်ကစား ဂျောင်ဂုကို သနားမှုမရှိကြဘဲ လူအများကကင်မ်မင်းသားအချစ်ကြီးမှုကိုသာနှလုံးသားထဲ ထင်ကျန်စွာဆွဲမြဲမှတ်သားထားလေတော့သည်။
အခြေအနေတွေအားလုံးဖြေရှင်းပြီးသည်နှင့် ဘုရင်မင်ယွန်းဂီလည်း အမတ်များကိုပြန်နားစေလိုက်သည်။အမတ်အားလုံးပြန်သည်နှင့် ထယ်ကူးရင်ခွင်ထဲရောက်နေသော အသက်မဲ့ကင်မ်ရုပ်ကလပ်လေးကို ရင်ခွင်ထဲဆွဲပွေ့ကာ ....
DU LIEST GERADE
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌