🧸Episode 25🧸

4.1K 243 3
                                    

လူရိပ်တွေ့တော့ကြည့်မိတော့ ကင်မ် ကင်မ်မှ ကင်မ်အစစ်ပင်။ကင်မ်ကစကားတွေပြောနေသလို ချယ်ရီသီးတွေကိုလည်းစားနေလေသည်။လက်တဖက်က ‌ချယ်ရီပွင့်ဖတ်လေးတွေကို လေဗွေဝှေ့သလို လက်ဖြင့်ရမ်းကာကစားနေ သေးသည်။

~ Internal Love Of Kim~

နတ်တော်၏ ကြေးနန်းမျှော်စဉ်တော်...

*ဒင် ဒင် ဒင် ဒင် ဒင်*

ဒီအသံဟာ ကင်မ်မင်ဝူစောင့်နေခဲ့သောအချိန်ပင်။ဒီသုံးနှစ်အတွင်း သား‌တော်ကင်မ်ရဲ့ဝိဉာဉ်တော်ကိုသန်စင်နေခဲ့ခြင်းပင်။သားတော်ဟာနတ်သွေးနှောတယောက်မို့ လူသားတွေလိုမပုတ်မသိုးဘဲ သက်ရှိအတိုင်းပင်။ဝိဉာဉ်မရှိတာကလွဲလို့ပေါ့....

ဒီနေ့တော့သားတော်ဝိဉာဉ်အားသန့်စင်မှုပြီးခဲ့လေပြီ။သားတော်ဟာ သူ့အသက်ဝိဉာဉ်ကိုတခြားသူဆီလွှဲပြောင်းပေးခဲ့မှုကြောင့် လွှဲပြောင်းခံရသူသေလွန်သောအခါမှာ သားတော်ဝိဉာဉ်ဟာ သားတော်နှင့်ထပ်တူမရှိနိုင်တော့ပေ။

သန့်စင်ပြီး *တနည်းအားဖြင့် သန့်စင်ပြီးသူနှင့်နတ်ဘဝကိုသာသိ၍လူ့ဘဝကအကြောင်းများကိုမေ့သွားမည် အသက်ရှင်ယုံမျှသာ အသက်ဝင်၍အတိတ်မေ့သူပမာဖြစ်သွားလေမည်။သို့အတွက်သေသူနှင့်မခြားသော်လည်း သားတော်၏သားငယ်ထယ်ကူး သားတော်၏ခင်ပွန်းဂျွန်ဂျောင်ဂု ‌တို့ကတော့သားတော်ကိုပြန်လိုချင်ကြမည်ထင်။

သို့အတွက် ကင်မ်မင်ဝူကသားတော်အတွက်ဒီနှစ်တွေအတွင်းမအိပ်မနေကြိုးစားပေးခဲ့ရာအရာထင်ခဲ့လေပြီ...

တောင်ထိပ် ကြေးနန်းမျှော်စင်၏ သားတော်အိပ်စက်ရာ အဖြူရောင်‌အငွေ့များလွှမ်းခြုံနေသော ကျောက်ဖျာလေးရှေ့တွင် သူ၏ဝိဉာဉ်ဓာတ်လုံးအားထုတ်ကာ သားတော်၏နှလုံးသားတည့်တည့်သို့...

မကြာမီလှုပ်ရွလာသော အဖြူရောင်လူသား...

*ဝါး*

"ဟင် အဖတော်"

"သား သားတော်ကင်မ်"

"‌သားအကြာကြီးအိပ်ပျော်နေတာလား၊အိမ်မက်ရှည်ကြီးမက်နေတာအဖတော်ရ"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Onde histórias criam vida. Descubra agora