မိုးချုပ်ခါနီးနေပြီဖြစ်၍ ထိုလူအဆောင်တော်မှာ မီးဝါဝါလေးကိုမြင်နေရသည်။ထိုလူ အရောင်ဖြော့ဖြော့အသုံးပြုရသည်ကိုကြိုက်သည်ထင်။အနုအရွလေးလည်းနေတတ်သေးသည်။
~ Internal Love Of Kim~
ဂျောင်ဂု လည်းအတန်ကြာအခန်းထဲတွင်ကြောင်နေပြီးနောက် ထိခိုက်သွားသူဟိုလူ၏လက်အားမြင်ယောင်မိတော့ သနားမိပြန်သည်။ဖြူလွှလွှသွယ်လျှသောလက်ဥဥလေးပေါ်တွင် အနာတရဖြစ်သွားသည်မို့ ဂျောင်ဂု ရင်ထဲအမျိုးအမည်မသိစွာသနားလာပြန်သည်။ထို့ကြောင့် ထိုလက်နုနုအား အမာရွတ်မရှိရလေအောင် ဂျောင်ဂုလည်း "ကျောက်စိမ်းမျက်ရည်" ဆေးအားယူကာ ထိုလူဆီထွက်လာမိသည်။တော်ကြာတစ်ယောက်တည်းငိုနေမှဖြင့် ဂျောင်ဂုဂရုမစိုက်လို့ဆိုပြီး သူ့အကိုတော်ကိုပြန်တိုင်နေမှဖြင့် ဟုတွေးကာ ဂျောင်ဂုလည်း ထိုလူ့အဆောင်သို့ကူးလာလိုက်သည်။မိုးချုပ်ခါနီးနေပြီဖြစ်၍ ထိုလူအဆောင်တော်မှာ မီးဝါဝါလေးကိုမြင်နေရသည်။ထိုလူ အရောင်ဖြော့ဖြော့အသုံးပြုရသည်ကိုကြိုက်သည်ထင်။အနုအရွလေးလည်းနေတတ်သေးသည်။
တံခါးကိုဖွင့်ရန် လက်ရွယ်မိတော့...
"ကင်မ် ရယ်ဂရုစိုက်မှပေါ့။ကိုယ် ပြောပါတယ် ကိုယ် သွားပို့ပါမယ်ဆိုတာ ကင်မ်ကိုကအနားမနေတာ"
"အော် ဂျီရယ် ကင်မ်သွားပေးချင်လို့ပါ
အကိုတော်ကလည်း ကင်မ်ကို သွားပေးစေချင်တယ်တဲ့လေ""ဟော ဒါဆိုဒီဒဏ်ရာတွေကကော ပြောပါဦး"
ဂျောင်ဂုလည်း သူ့လက်မှဒဏ်ရာအားဆေးမထည့်ပါဘဲ ထိုလူဆီအရင်ပြေးလာခဲ့ပေမယ့် ထိုလူကတော့ တခြားတစ်ယောက်နဲ့အေးအေးဆေးဆေးစကားပြောနေသည်ကို ဂျောင်ဂုအလိုမကျစွာ စိတ်တိုမိသည်။ထို့နောက်ဆက်နားမထောင်ချင်တော့တာမို့ "ကျောက်စိမ်းမျက်ရည်"ဆေးဗူးအား ထိုလူ့အဆောင်ရှေ့ရှိပန်းခြံထဲ လှမ်းပစ်ကာ ဂျောင်ဂု ကိုယ့်အဆောင်ကိုယ် ပြန်လာလိုက်သည်။
"တောက်စ်..အာ့လူအဆောင်တော်ကိုဝင်နိုင်သူကဘယ်သူဖြစ်မလဲ။ဂျီ...ဂျီ....ဆိုတာက မဟုတ်မှ ဦးလေးတော်ပတ်ဂျီမင် လား။ဟုတ်တယ် ဖြစ်နိုင်တယ် ဟာကွာ"
ESTÁS LEYENDO
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfic*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌