🧸Episode 10🧸

3.1K 249 1
                                    

အခန်းထဲရှိဂျောင်ဂုမှာတော့ ထိုလူ့လက်မှသွေးများကို မျက်လုံးထဲမြင်ယောင်ကာ ထိုဖန်ကွဲစများကို လက်ဖြင့်ခါရမ်းပစ်သည်။သူ၏လက်တွင်လည်း သွေးစများ။ဤအချိန်တွင် ဂျွန် ၏သွေးစနှင့် ကင်မ်၏သွေးစတို့ကရောလျက်ကာ အနီရောင်သဖွယ်ပန်းရောင်သဖွယ်ပင်....

~Internal Love Of Kim~

နံနက်ခင်းတွင် ကျေးငှက်လေးများကသာယာစွာတေးသီကြူးနေသည်။ကင်မ်လည်းမနက်စောစောထကာ ဂျီ အကြံးပေးထားသလို ပန်းချီဆွဲနေပေသည်။ကင်မ်ဆွဲသူဟာ "ကင်မ်နှလုံးသားအရှင် ဂျွန်" ပင်...

"ကင်မ် ထယ် ယောင်း ခင်ဗျားဘာလို့ကျုပ်ပုံကိုဆွဲနေရတာလဲ"

"အော် ဂျွန် နိုးလာပြီလား"

"ကျုပ်မေးတာဖြေ"

"ကင်မ် ဂျွန်ကိုလွမ်းလာလို့ပါ"

"ဘာ လွမ်းရအောင် ခင်ဗျားနဲ့ကျုပ်ကဘာဆိုင်တာမို့လဲ ကင်မ် ထယ် ယောင်း"

"ဟင်"

"ဘာဆိုင်လို့လဲ"တဲ့လားဂျွန်ရယ်။ဟုတ်ပါတယ် ကင်မ်ကသက်သက်မဲ့ ဂျွန် ကိုတွယ်တာမိနေတာပါ။

"ခင်ဗျားကို ကျုပ်ကကလေးကြောင့်တာဝန်ယူတာနော်။ခင်ဗျားကိုချစ်လို့တော့မဟုတ်ဘူး"

"သိပါတယ် ဂျွန် ရယ်။တော်ပါတော့။
ကင်မ်ကသာတဖက်သက်ချစ်နေတာ ဂျွန်က မိန်းကလေးဆိုရီကိုပဲချစ်တာ ကင်မ်သိပါတယ် ဟင့် ဟင့်"

စကားအကောင်းပြောနေရင်းမှ ထငိုသောလူအား ဂျောင်ဂုအံ့ဩနေမိသည်။သူက ဂျောင်ငုကို ချစ်သည်တဲ့လား။ဂျောင်ဂု ဘက်ကတော့ထိုလူကို မတော်တဆ ကိုယ်လက်နှီးနှောခဲ့သည်မှလွဲ၍တခြားမည်သည့်စိတ်မှမထားခဲ့ပေ။သူကတော့ ချစ်သည် တဲ့လား။ယောကျာ်းတန်မယ့် အချစ်ကိုလွယ်လွယ်ချစ်မိလိမ့်မယ်မထင်ခဲ့။မတတ်သာလို့သူလည်း လက်ထပ်ခဲ့သည်ထင်ထားသည်မဟုတ်လား။ဒါကြောင့်လည်း ဟိုနေ့ကဆိုရီ ကိုတွန်းလှဲသည်ထင်သည်။ထိုအခြေအနေကိုပြန်တွေးလျင် ပြန်ဒေါသထွက်မိသလို အရှေ့တွင်တရှုံ့ရှုံ့ငိုနေသော သူကြောင့် ဂျောင်ဂုစိတ်တို့ထွေပြားစွာ ထိုသူရှေ့ရှိ ပန်းချီဆွဲရာတွင်အသုံးပြုသည်များကို ဆွဲရမ်းပစ်သည်။ဆေးမှုန့်တွေကလည်း ထိုသူ့ ခန္ဓာကိုယ်ဖြူဖြူပေါ်တွင်အထင်းသား။

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Onde histórias criam vida. Descubra agora