🔮𝑰𝒏𝒕𝒓𝒐𝒅𝒖𝒄𝒕𝒊𝒐𝒏🔮

10.7K 432 10
                                    

လဲပြိုသွားသော အဖြူရောင်ဝတ်ရုံနှင့်ခန္ဓာကိုယ်တစ်စုံ....
ထိုခန္ဓာကိုယ်တစ်စုံရှေ့အထက်ကောင်းကင်ယံမှ မျက်ရည်များကျနေသော သူတစ်ယောက်...
တံခါးအကွယ်တွင် အရာအားလုံးကိုမမှိတ်မသုန်ကြည့်ရင်း အံကြိတ်ကာလက်သီးဆုတ်လျက်နာကျင်နေသောကလေးတစ်ဦး...

....Internal Love Of Kim....

Jeon နိုင်ငံတော်ကြီး၏ ဘုရင်မင်းမြတ် "အရှင်ဂျွန်ဂျောင်ဂု" ၏စံစားရာနန်းဆောင်တွင် နေ့လည်ခင်း၏တခုသောအချိန်တွင်ဖြစ်သည်။

"ဂျွန် ...တကယ်ပဲ ဆိုရီ...
ချွဲဆိုရီ ကိုချစ်တာပဲလားဟင် ကင်မ့်ကိုဖြေစမ်းပါကင်မ့်ကိုနည်းနည်းလေးတောင်မချစ်ခဲ့ဘူးလားဟင် "ဂျွန်""

"ဘယ်လိုမေးလိုက်တာလဲ ကင်မ်
ကျုပ်ဘဝမှာအရေးကြီးဆုံးနဲ့ အချစ်ဆုံး၊အချစ်ဦး၊အို..အရာရာဟာ
ချွဲဆိုရီ ဆိုတဲ့မိန်းကလေးကသာအရေးကြီးဆုံးဗျ၊ကင်မ့်ကို တခါမှမချစ်ခဲ့ဖူး ကျုပ်တာဝန်အရတာဝန်ယူပေးနေတာ ကင်မ်"

အသက်မရှူတော့တဲ့ ချွဲဆိုရီ ရဲ့ကိုယ်လုံး‌လေးကို ရင်ခွင်ထဲမှာထည့်ကာဖက်ထားပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ "ဂျွန်".....
ကင်မ့်ရင်တွေနာလိုက်တာ ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့နှုတ်က တခြားသူကိုတမ်းတနေတဲ့အခါ ကင်မ်ဘယ်လိုခံနိုင်ရည်ရှိရပါ့မလဲ။

မျက်ရည်မိုးတွေသွန်းဖြိုးနေတဲ့ "ဂျွန်" ကချစ်ရသူဆုံးရှုံးသွားလို့ငိုနေသလို...
ကင်မ် ကလည်းရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ် ရစရာမရှိအောင် နာကျင်စွာနဲ့မျက်ရည်တွေကျမိနေတယ်။

ဂျွန်ထယ်ကူး လေး 10 နှစ်သားရောက်သည့်တိုင် "ဂျွန်"က ကင်မ့်ကို "ချစ်တယ်"လို့တစ်ကြိမ်တောင်မပြောဖူးသလို ၊ ကင်မ့်ကိုအမြဲလျစ်လျှူရှုပြီး
ကင်မ့် အချစ်တွေကိုပယ်ချခဲ့တာ....
ဒီနှစ်တွေအတွင်း "ဂျွန်" ကင်မ့်ကိုချစ်လာပြီထင်ခဲ့တာ "ဂျွန်"ရဲ့...
"ဂျွန်"ဂရုစိုက်မှုတွေကို အချစ်လို့ထင်ခဲ့တာ အခုတော့ အခုတော့ "ဂျွန်"ကကင်မ့်ကိုတခါမှမချစ်ခဲ့ဖူးတဲ့လား....
ကင်မ် ကအာ့လောက်တောင်အရေးမပါရလား "ဂျွန်" ရယ်....
"ဂျွန်" သာပျော်မယ်ဆို ကင်မ်အရာအားလုံးဖြည့်စည်းပေးသွားမှာပါ "ဂျွန်"...
ထို့နောက် ကင်မ် မျက်ရည်တွေကိုလက်ဖဝါးနဲ့အသာဖယ်ထုတ်လိုက်သည်။

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now