ဂျွန်တွေးနေစဉ်နှုတ်ခမ်းကအထိအတွေ့ကြောင့်မျက်လုံးပါပြူးသွားရသည်။ကင်မ်ကတခါမှသူ့ဘက်ကစမနမ်းခဲ့ပေ။အခုတော့ သွားပါပြီ ဂျွန်ဂျောင်ဂု တို့စိတ်ကောက်နေပါတယ်ဆိုမှကွာ အားး....
ဒီတခါတော့ရှိပါစေတော့...~Internal Love Of Kim~
ညကကြမ်းထားသည့်အရှိန်ကြောင့်ကင်မ်ကလုံးဝစကားမပြောဘဲစိတ်ကောက်နေလေသည်။
"ကင်မ်"
"..............."
"ကင်မ်လို့"
"................."
"ပေါက်စလေးရ"
"................."
"ဂျွန့်ရဲ့ကင်မ်ရာ ဂျွန်ကိုစကားပြောပါနော်။နောက်ကင်မ်ကြိုက်တာမလုပ်တော့ပါဘူးနော်"
"..............."
"ကင်မ်ခိုင်းတာအကုန်လုပ်မယ်လေ နော် နော် နော်လို့"
"တကယ်လား"
မျက်လုံးလေးအရောင်လဲ့ကာကင်မ်ကဆိုသည်။ကင်မ်ပြန်စကားပြောလာသည်မို့ ဂျွန်ပျော်ရလေသည်။
"အွန်းတကယ်ပေါ့"
"ဂျီ ကိုခေါ်ပေး"
"ဘာ"
ဂျွန်ထအော်မိသည်။ကြည့်ပါဦး "ဂျီကိုခေါ်ပေးတဲ့"။ဦးလေးတော်က သူ့ကိုကြိုက်နေတာအသိအသာကြီးကို။ဂျွန်စိတ်မချပါဘူး။ဘယ်နှဲ့ခိုင်းစရာရှားလို့ ဒါမျိုးကတော့ဂျွန်တို့ကဆယ်ကာပြန် "နိုးပဲ"။
"အီး ဟီး ဂျွန်ကအော်တယ် အီး ဟီး ဂျွန်မကောင်းဘူး ဟင့်ဟင့်"
စိတ်ထဲမှကြိမ်းနေတုန်းရှိသေး ကင်မ်ကထငိုလေပြီ။အာ တကယ်ပါဘဲ။ဒီကသဝန်တိုနေတာမသိဘူးလားမသိဘူး ကင်မ်တို့ကသိပ်ခြွေတာဘဲ။ခုလဲငိုတဲ့ပုံလေးကဆွဲဆက်ဝုန်းပစ်ခြင်စရာ။ဟင်း နောက်ဆုံးတော့လဲ....
"ဟာ ဂျီလာပြီလား၊လာထိုင်ကင်မ်နားမှာ"
ကင်မ်တို့များ ဦးလေးတော်လည်းတွေ့ရော ဒီကဂျွန်တို့ကလူပိုကြီးကိုဖြစ်လို့။ကင်မ်အနားထိုင်မလို့ခုံကိုဆွဲတော့ကင်မ်က ဂျွန်ထုတ်တဲ့ခုံကို ဦးလေးတော်ဂျီမင်ကိုထိုင်ခိုင်းလေရဲ့....
BẠN ĐANG ĐỌC
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌