အခန်း (၇)

4.3K 738 68
                                    


ဖုရိကျယ် စာသင်ခန်းထဲမှာ ထိုင်ရတာကို အရမ်းစိတ်မသက်မသာ ဖြစ်နေသည်။ အမှတ် (၃) မူလတန်းကျောင်းရဲ့ သင်ခန်းစာတွေက အရင်ကျောင်းကထက် နည်းနည်းပိုရှေ့ရောက်နေတာကြောင့် သူ နည်းနည်းလည်း နားမလည်ဘူး။

ထို့အပြင် အတန်းထဲကို ဝင်လာတဲ့ လောင်ရှီးတိုင်းက "အသစ်ရောက်လာတဲ့ ကျောင်းသားဖုရိကျယ် ဆိုတာ ဘယ်တစ်ယောက်လဲ" လို့မေးပြီး ပြီးတာနဲ့ မျက်နှာကိုမှတ်မိဖို့ရန် သူ့ကိုမတ်တပ်ထရပ်ခိုင်းကြသည်။ ကျောင်းအသစ်ကို ပြောင်းလာတာကြောင့် နည်းနည်း စိတ်လှုပ်ရှားနေတဲ့ ဖုရိကျယ်အတွက် ပိုပြီး ဆိုးလာခဲ့သည်။ အားလုံးကို အရှုံးပေးပြီး ထောင့်တစ်ထောင့်မှာသာ ကပ်နေချင်တော့သည်။

အတန်းဖော်တွေက အရင်ကျောင်းတုန်းကလို သူနဲ့ဝေးဝေးမှာပဲ နေကြတာမျိုးမလုပ်ကြပေမယ့် သူ့နောက်မှာထိုင်တဲ့ ကျန်းဆုန်း ဆိုတဲ့ လူအိုကလည်း သူ့ဦးထုပ်ပေါ်က ချည်ဘောလုံးကို ဆွဲဆွဲနေပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးသည်။

ချည်ဘောလုံးရှေ့ကို ရောက်နေစေရန်အတွက် သူခေါင်းကိုတစ်ချိန်လုံး ရှေ့ကိုသာ ငုံ့ထားလိုက်ရတော့သည်။

သူကျောင်းမြန်မြန်ဆင်းပြီး ဖုခွင်းကိုတွေ့ချင်လှပြီဖြစ်သည်။ ရုတ်တရပ်ပြီး ဒီလို မရင်းနှီးတဲ့ အိမ်နဲ့ ကျောင်းအတွင်းတွင် သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ဖုခွင်းရဲ့နွေးထွေးတဲ့လက်ကသာ သူ့ကို သက်သောင့်သက်သာဖြစ်စေတယ်လို့ ခံစားလိုက်ရသည်။

အတန်းတစ်ခေါက်နားတိုင်း သူအပြင်ထွက်ပြီး အပေါ်ထပ်ကို မော့ကြည့်ခဲ့ပေမယ့် သူဖုခွင်းကိုတော့ မမြင်ခဲ့ရပေ။ အားလပ်ချိန်ရောက်တော့လည်း သူ ဖုခွင်းက မတွေ့ရတာကြောင့် သူနည်းနည်း စိတ်ပျက်သွားသည်။

ဒါပေမယ့် ကျောင်းဆင်းချိန်တွင်တော့ သူထပ်ပြီး အင်အားတွေပြည့်နေပြန်သည်။ ဖုခွင်းက ပြောထားတယ် သူကျောင်းဆင်းရင် စောင့်နေမယ်ဆိုပြီး။

လောင်ရှီးက သူတို့ကို အိမ်လိပ်စာအတိုင်း လမ်းအဖွဲ့တွေ ခွဲထားပေးပြီး သူက အခု ဒုတိယနေရာမှာ ရပ်နေတာဖြစ်ပြီး သူ့ရှေ့က ကောင်မလေးက သူ့ကို ခေါင်းလှည့်ကြည့်လာသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now