အခန်း ၅၉

2.7K 523 49
                                    

အခန်း ၅၉

ဖုရိကျယ်က  ဘာပဲဖြစ်ဖြစ် ဆေးရုံတက်ဖို့ ငြင်းဆန်တဲ့အတွက် ဖုခွင်းက တွဲဖက်ခရီးသည်ထိုင်ခုံကို ချလိုက်ပြီး လှဲအိပ်ခိုင်း​ကာ၊ အင်္ကျီနှစ်ထည်ကို ယူပြီး  ဖုရိကျယ်ကို တင်းတင်းကြပ်ကြပ် ခြုံ​ပေးကာ ကားပေါ်ရှိ အပူပေးစက်ရဲ့ အပူချိန်ကို ချိန်ညှိပေးလိုက်သည်။နေ နည်းနည်းမြင့်တော့ ဆေးဆိုင်နားက ဖြတ်သွားတော့ ကားထဲက ထွက်ပြီး ဆေးဝယ်ဖို့ သွားလိုက်သည်။

ဖုရိကျယ်က တော်ရုံဖျားတာ ရှားတယ်၊ အအေးမိတာလည်း ရှားတယ်၊ သူ့ကျန်းမာရေးက အလွန်ကောင်းမွန်တာကြောင့် ​လောင်မားက အမြဲတမ်းဂုဏ်ယူနေရသည်။  မိဘမဲ့ဂေဟာမှာ ငယ်ငယ်က ကလေး​လေးက ဆင်းရဲပင်ပန်းခဲ့ပေမယ့် ငါတို့အိမ်ရောက်တော့ ကောင်းကောင်းပျိုးထောင်းပေးတော့  နွားတစ်ကောင်လိုပဲ ကျန်းမာကြံ့ခိုင်သွားသည်ဟု ဆိုသည်။ ရေခဲသေတ္တာထဲမှာ တစ်ရက်ခွဲထည့်ထားရင်​တောင် နှာတစ်ချက်မချေဘူးလို့ဆိုသည်...

ဖုခွင်းက မြန်နှုန်းမြင့် တိုးဂိတ်ကိုဖြတ်ရန် စောင့်ဆိုင်းနေချိန်တွင် ဖုရိကျယ်ကအဝတ်အစားများကို ဆွဲဖယ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ယခုအခါတွင် သူသည် အလွန်စိတ်မကောင်းဖြစ်ပြီး စိတ်ဆင်းရဲကာ စိုးရိမ်နေကာ မားကို ရှင်းပြရန် မတတ်နိုင်တော့မည်ကို စိုးရိမ်နေသည်။ ဖုရိကျယ်ကို ကြိုဖို့ သွားလိုက်ပေမယ့် နောက်ဆုံးမှာတော့ မားကို အရှင်လတ်လတ် ပြုတ်ထားသလို အဖျားကြီး​နေတဲ့ ဖုရိကျယ်ကိုသာ ​ခေါ်​ပေးလာသည်။

ဖုခွင်းက ဖုရိကျယ် ဘာလို့ ရုတ်တရက် အဖျားတက်သည်ကို သူသိတယ်လို့ ခံစားရသည် ။ ဖုရိကျယ်က  အအေးမိခြင်းမဟုတ်ပဲ လေအေးထဲမှာ အဝတ်နှစ်ထည်ကို လျှော့ဝတ်ထား​ပြီး သွားလိုက်တာကြောင့်ပင်။

မနေ့ည အိပ်ယာဝင်တုန်းကတောင် ကောင်း​သေးတယ်၊ ဒါပေမယ့် မနက်ရောက်တော့ ကိုယ်ပူ​နေ​ပြီ၊ မနေ့ည သန်းခေါင်ယံမှာ ဖြစ်တာ ဖြစ်နိုင်သည်။

ဖုခွင်းက ညသန်းခေါင်တွင် အကြိမ်များစွာ နိုး​နေပြီးမှ ဖုရိကျယ်၏ အခြေအနေကို စစ်ဆေးဖို့ မ​ကြည့်မိတာကို ရုတ်တရက် နောင်တရသွားသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Tempat cerita menjadi hidup. Temukan sekarang