အခန်း ၄၂

3K 508 12
                                    

အခန်း ၄၂

ဖုခွင်းပြန်လာမယ့်နေ့က အချိန်ကိုက်ပင် စနေနေ့ဖြစ်နေတာကြောင့် ဖုရိကျယ် မနက်စောစောထကာ ဖုခွင်းကို သွားကြိုရန်ပြင်လိုက်သည်၊

ပုံမှန် ဖုခွင်းလက်ကာဈေးမှာ သွားဝယ်ရင် အထုပ်တစ်ထုပ်စာ လောက်သာဝယ်ပြီး စွန်းဝေတို့အိမ်မှာ ဆိုင်ပစ္စည်းတွေကို ထားထားနေကြဖြစ်သည်၊ အရင်က ကားဂိတ်မှာ ရပ်ပေးသော်လည်း နောက်ပိုင်းတွင် တွန်းလှည်းဖြင့်တွန်းရန်သာ သက်မှတ်လိုက်သဖြင့် ဈေးသည်အားလုံး တွန်းလှည်းများ ဝယ်တွန်းပြီးမှာ ထွက်ကြရသည်

ဈေးဆိုင်ထဲက ထွက်လိုက်တာနဲ့ လူတိုင်း တွန်းလှည်းတွန်းလာတာကို ဖုရိကျယ် တွေ့လိုက်သည်

ဒါပေမယ့် ဒီတစ်ခေါက်က အပြင်မှာ ပထမဆုံးဈေးသွားဝယ်တာဆိုတော့ ပစ္စည်းကတော်တော်လေးများသည်၊ ဖုခွင်း မနေ့ညက ဖုန်းဆက်တော့ ပြောခဲ့တာက လူတစ်ရပ်လောက်မြင့်တဲ့ အိတ်ကြီးနှစ်အိတ်ကို သူလူခေါ်ပြီးတောင် ကားဂိတ်ကိုသယ်ခဲ့ရတာတဲ့

ဖုရိကျယ် အဲ့ဒီကိုဘက်စ်ကားစီးပြီး သွားလိုက်သည်၊ အစက သူ စက်ဘီးနဲ့လာဖို့ရာ စဉ်းစားခဲ့ပေမယ့် လူတစ်ရပ်လောက် အိတ်ကြီးနှစ်အိတ်ကို သူတို့နှစ်ယောက် ဘယ်လိုမှ စက်ဘီးနဲ့ သယ်နိုင်မှာ မဟုတ်ဘူး

ဖုရိကျယ် သူဖုခွင်းကို လာကြိုမယ်ဆိုတာ မပြောပြထားဘူး၊ ကားကခြောက်နာရီခွဲတွင် ရောက်တာဆိုတော့ သူပြောပြလိုက်ရင် ဖုခွင်းသေချာပေါက် သဘောတူမှာ မဟုတ်ဘူး

ဒီအတောအတွင်း မနက်ဘက်ဆို တော်တော်လေးအေးလာပြီ၊ ဖုရိကျယ်ကားဂိတ်ပေါက်ဝမှာ နာရီဝက်ခန့် အေးခဲနေပြီးမှ ဖုခွင်းတို့စီးလာတဲ့ကား ဝင်လာတာကို မြင်လိုက်ရသည်

ကားရပ်လိုက်တာနဲ့ သူချက်ချင်း ဧည့်လာကြိုတဲ့ ဦးလေးကြီးတွေ ဒေါ်ကြီးတွေနဲ့အတူ ကားကို လှမ်းကြည့်လိုက်သည်

ဒါပေမယ့် တံခါးဖွင့်လိုက်ပြီး တော်တော်ကြာသည်အထိ လူတွေက ထွက်မလာသေးဘူး၊ ဦးလေးကြီး အဒေါ်ကြီးတွေလည်း နောက်ဆုတ်သွားကြသည်၊ ဒီလူတွေအားလုံးက ဈေးသည်တွေဆိုတာ သိသွားလို့ဖြစ်မည်၊ ကားရပ်တဲ့အထိ အိပ်ပျော်နေတဲ့ လူတွေက မနည်းလှဘူး၊ ကားက တစ်ညလုံး မောင်းလာတာကြောင့် ရှစ်နာရီကျော်လောက် အိပ်ပြီးသူတစ်ချို့သာ ထလာကြသည်

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Onde histórias criam vida. Descubra agora