အခန်း ၃၉

2.5K 519 12
                                    

အခန်း ၃၉

ဝမ်ကျစ်ချန်လို နှစ်တွေအများကြီး ကြာပြီးမှ ပြန်လာတဲ့ အပေအတေတစ်ယောက်ကို ရှာရတာ သိပ်မခက်လှပါဘူး၊ ဝမ်ကျစ်ချန်က လူကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိမှန်း သူဖုခွင်းကို ဒီလိုလုပ်လိုက်ကတည်းက သိသာနေပြီပဲမို့လား၊ သူအခု သူ့ကိုယ်သူ ဘုရင်လို့ အထင်ရောက်နေတဲ့ပုံပဲ။ ဖုရိကျယ် ဝမ်ကျစ်ချန်ကို ရှာတွေ့ဖို့ ဂိမ်းဆိုင်ဘယ်နှစ်ခုမှကို မသွားလိုက်ရဘူး။

ဝမ်ကျစ်ချန်က သူ့ကိုမသိဘူး၊ ဝမ်ကျစ်ချန်အတွက် ဖုခွင်းရဲ့ညီဆိုတာ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့တို့အုပ်စု ပိုက်ဆံတွေ လုယက်ခဲ့ပြီး စာအုပ်တွေ ဆုတ်ဖြဲခံရတာတောင် တိတ်တဆိတ်ထွက်သွားတဲ့ကလေး တစ်ယောက်၊ ဒီလိုပုံစံပြောင်းလဲသွားမယ်လို့ ထင်ကြမှာမဟုတ်ဘူး

ရက်အနည်းငယ်ကြာပြီးတဲ့နောက် ဖုရိကျယ် သူနေထိုင်တဲ့နေရာကိုပါ သိလာခဲ့သည်

ပြီးတော့ ဝမ်ကျစ်ချန်ရဲ့နောက်လိုက်တွေက ဝမ်ကျစ်ချန်ကို ပေါက်ကောလို့ သီးသန့်ခေါ်ကြတာကိုလည်း သိလိုက်ရသည်

ဖုရိကျယ်အတွက် ဝမ်ကျစ်ချန်ရဲ့ဒီလို ကိုယ့်ခန္ဓာကိုယ်နဲ့မလိုက်တဲ့ အမည်ပေးနိုင်မှုအပေါ်ကို အလွန်အမင်း မင်သက်မိသည်

(TN- bao က ကျားသစ်ဆိုတဲ့ အဓိပ္ပါယ်ပါ_ ဒီနားလေး နည်းနည်းဖြီးထားတယ်နော့ ဟီးဟီး)

ဝမ်ကျစ်ချန်နေတဲ့နေရာနဲ့ သူ့ရဲ့ညဘက်လုပ်ဆောင်မှုတွေကို သိသွားပြီဆိုတော့ ဖုရိကျယ် အရင်ကလို ချက်ချင်းလက်တုံ့ပြန်ပြီး တစ်ချက်ကျွေးလိုက်တာမျိုးမလုပ်တော့ပေ၊ ကိစ္စချင်းတူနေရင် နည်းလမ်းအတူတူ မသုံးရဘူး

သူစိတ်ရှည်ရှည်ထားပြီး လဝက်လောက်စောင့်ပြီးမှ ဝမ်ကျစ်ချန်က သူ့အဖွဲ့နဲ့ ချီကျုံးက လောင်တာ့ ထန်ကျွင်းကို ရှာပြီး ဒုက္ခပေးတဲ့အခါကျမှ သူလုပ်ရှားဖို့ အခွင့်အရေးကို ရခဲ့သည်

ဖုရိကျယ် တံခါးအပြင်ဘက်ကနေ ကန်လိုက်တဲ့အားက အတော်လေးပြင်းသည်၊ သူအားကစားရုံမှာ လေ့ကျင့်တုန်းကဆို သူ့ကန်ချက်က တစ်ဖက်လူကို ခေါက်ခနဲလဲကျစေနိုင်သည်

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed जहाँ कहानियाँ रहती हैं। अभी खोजें