အခန်း (၁၅)

4.1K 560 9
                                    

ဖုရိကျယ်ရဲ့ မျက်လုံးထဲမှာတော့ ရှဖေးက တော်တော်များများ အကြောင်းအရာတွေကို သိပြီး စွယ်စုံကျမ်းကြီးလိုပင်။

ရှဖေးက ပန်းတွေဘယ်လိုပွင့်လဲ အသီးတွေဘယ်လိုသီးလဲ ဆိုတာတွေကော ထပ်ပြီး ငါးတွေ ဘယ်လို မွေးဖွားလာတာလဲ ဆိုတာကိုလည်း ပြောပြပေးသည်၊ ပြီးတော့ တျိုးတျိုးကို ဘယ်လိုချစ်တာလဲဆိုတာကိုပါ ပြောပြပေးခဲ့ပြီး နောက်ဆုံးတော့ သူ့ကို လူတွေဘယ်လိုဖြစ်လာတာလဲ ဆိုတာကိုပါ ပြောပြပေးခဲ့သည်။

ဖုရိကျယ် အရင်က အတန်းဖော်တွေပြောတဲ့ လူတွေ ဘယ်ကလာတာလဲဆိုတာကို နားထောင်ကြည့်တုန်း ကတော့ မိဘတွေက ထူးထူးဆန်းဆန်းတွေ ပြောပြထားကြတယ်၊ ကြိုးကြာငှက်တွေက သယ်လာခဲ့တာ၊ မြစ်ထဲကနေလှေပေါ်မှာ ထိုင်ပြီးရောက်လာခဲ့တာ၊ တံခါးဖွင့်လိုက်တော့ အမှိုက်ပုံထဲကနေ တွေ့လာခဲ့တာ၊ စပါးစေ့ကနေ ပြောင်းသွားတာ၊ ချိုင်းကြားကို ကလိထိုးလိုက်တော့ ထွက်လာခဲ့တာ............

အဲ့လိုကိစ္စတွေ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း ဒီလို ဆွေးနွေးမှုတွေမှာ တစ်ခါမှ မပါဝင်ခဲ့သလို လောင်ပါးလောင်မားကိုလည်း ဒီမေးခွန်းနဲ့ပတ်သက်ပြီး တစ်ခါမှ မမေးဖူးဘူး။ သူကိုယ်တိုင်က ဖူလုံရေးဂေဟာ ကနေ လာခဲ့တာဆိုတော့ ဒီလိုမေးဖို့ မလုပ်ချင်ဘူး။

ဒါပေမယ့် ဖုခွင်းမေးတုန်းက လောင်မားပြောပြတာကတော့ ဖုခွင်းက ဘွားဘွားတို့အိမ်တံခါးဝက စွန်ပလွံပင်ပေါ်က စွန်ပလွံသီးထဲကနေ ပြုတ်ကျလာတာတဲ့၊ ပြီးတော့ ခေါင်းနဲ့ပြုတ်ကျတာဖြစ်ပြီး၊ ပြုတ်ကျတုန်းက နည်းနည်း ရယ်စရာကောင်းတယ်ဆိုပဲ။

ရှဖေးရဲ့ ရှင်းပြချက်တွေက အရမ်းကိုရှင်းလင်းတာကြောင့် ဖုရိကျယ် စာအုပ်ထဲမှာ ရေးထားတဲ့ ကြောင်းအရာတွေကို သေသေချာချာ နားလည်သွားပြီး သူ အရင်ကလို သက်သောင့်သက်သာ မဖြစ်တာမျိုး မခံစားရတော့ချေ။

"တကယ်တော့ ဒီကိစ္စတွေက ဘာမှမဟုတ်ပါဘူး၊ သာမန် ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ" ရှဖေးက ဘောပင်ကို ပြန်ချလိုက်ပြီး ဖုရိကျယ်ရဲ့ခေါင်းကို ထိလိုက်ကာ "မင်းအခု နားလည်သွားပြီဆိုတော့၊ နောက်ကျရင် ရှုပ်စရာအကြောင်း မရှိတော့ဘူး"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Opowieści tętniące życiem. Odkryj je teraz