ဖုခွင်း ကားဘေးမှာ ရပ်နေစဉ် လွီရန်ချိုး စင်္ကြံထဲကနေ ထွက်လာတာကို တွေ့လိုက်ရတော့ သူ အံ့အားသင့်သွားပြီး ဖုရိကျယ်ပါ နောက်ကနေ လိုက်ထွက်လာတာမြင်တော့ သူ့မျက်နှာကို ဘယ်လိုအမူအရာ ထားလို့ထားရမှန်းမသိ ဖြစ်သွားသည်။
လွီရန်ချိုးက သူ့ကိုမြင်တော့ အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် တုံ့ဆိုင်းသွားပြီးမှ "ဒါက ဖု.. ဖု..."
"ဖုခွင်း " ဖုခွင်းက သူမကို ခေါင်းညိတ်ပြကာ "မင်္ဂလာပါ အန်တီ။"
"အော် ဟုတ်ပါပြီကွယ်" လွီရန်ချိုးက အနည်းငယ် ရှက်ရွံ့စွာ ပြုံးပြီး " မတွေ့ရတာကြာပြီဆိုတော့ သားကို မမှတ်မိတော့ဘူးဖြစ်နေတာ။ နောက်ဆုံးတွေ့တဲ့ အချိန်တုန်းက ကျောင်းတက်နေတုန်းမို့လား"
"ဖုရိကျယ်ကိုကော မှတ်မိသေးလား" ဖုခွင်းက ပြုံးပြုံးလေးနဲ့ မေးလိုက်သည်။ မေးပြီးနောက်မှ အနည်းငယ် စိတ်မသက်မသာ ခံစားလာရသည်။
လွီရန်ချိုးက ဒီလိုမေးခွန်းမျိုးမေးခံရတော့ ခဏတာ စကားမပြောနိုင်ဘဲ ဖြစ်သွားသည်၊ ဖုခွင်းက ထပ်မံပြုံးပြပြီး "ဒါပေမယ့် ဆယ်နှစ်လောက် လာမတွေ့တာတောင် မှတ်မိနေသေးတာပဲ၊ မမှတ်မိဘဲ နေပါ့မလားနော်"
"အဲဒါ..." လွီရန်ချိုးက ဖုရိကျယ်ကို ပြန်ကြည့်ရင်း "ရိကျယ်ကို ထမင်းစားဖို့ ခေါ်သွားမလို့၊ပြီးရင် သူ့ကို ပြန်ပို့ပေးမယ်"
"အော် " ဖုခွင်း က သူမဘေးက ဖြတ်လျှောက်လာပြီး ဖုရိကျယ်နား ဖြတ်သွားတဲ့အခါ အသံတိုးတိုးနှင့် "ဘာတွေဖြစ်နေတာလဲ?"
"ပြန်လာမှ မင်းကို အတိအကျ ပြန်ပြောပြမယ်" ဖုရိကျယ်က သူ့ဘေးနားကနေ တိုးတိုးလေးပြောပြီး ချောကလက်တစ်ပိုင်းကို ရှာကာ သူ့အိတ်ကပ်ထဲကို ကောက်ထည့်လိုက်ပြီး "စိတ်မပူပါနဲ့" လို့ တိုးတိုးလေးပြောလိုက်သည်။
ဖုခွင်း စင်္ကြံထဲသို့ ဝင်လာပြီး Mitsubishi off-road ကား၏စက်နှိုးသံကို ကြားလိုက်သောအခါတွင် သူနှစ်ထပ်သို့ အလျင်အမြန် ပြေးတက်ကာ စင်္ကြံထောင့်တွင် ရပ်ပြီး လမ်းမတစ်လျှောက် ဖြည်းညှင်းစွာ မောင်းထွက်သွားသည်ကို ကြည့်နေသည်။
ESTÁS LEYENDO
ငယ်ချစ်ပုံပြင် - 竹木狼马 [Myanmar Translation ] Completed
RomanceHi everyone ဒါလေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [Chapters84+ 4 Extra] Genres - modern day , salice of life Start Date - 17.02. 22 End Date- 30-5-202...