အခန်း (၁၈)

3.5K 626 29
                                    

ဖုခွင်းနဲ့ စွန်းဝေက ရန်မဖြစ်တာတောင် တော်တော်ကြာနေပြီမို့ ဒီနေ့ အတွက်ပြောရရင် ​တွေ့တာနဲ့ အရိုက်ခံနိုင်ခြေတွေ အများကြီးရှိသော်လည်း နှစ်ယောက်လုံး စိတ်လှုပ်ရှားနေသည်။

ဒီလို ချတာမျိုးမှာ အခွင့်ကောင်းယူချင်ရင် မြန်မြန်တုံ့ပြန်ပြီး မြန်မြန်လှုပ်ရှားရမည်ဖြစ်သည်။

ဝမ်ကျစ်ချန်က အစောကတည်းက သူတို့နှစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်သည်၊ ဒါ့အပြင် ဒီကောင်လေးက နှာခေါင်းမှာလည်း ဒဏ်ရာနဲ့မို့ သေချာ မရိုက်နိုင်လောက်ဘူး၊ ထို့ကြောင့် ဖုခွင်းနဲ့ စွန်းဝေသည် ထန်ကျွင့်တို့အဖွဲ့ ဘာမှ မလုပ်ရသေးခင် စက်ဘီးပေါ်က ခုန်ဆင်းပြီး ဝမ်ကျစ်ချန်ဆီကို ပြေးသွားလိုက်သည်၊

ပထမဆုံး လက်သီးကို ဖုခွင်းက ထိုးထည့်လိုက်ပြီး ဝမ်ကျစ်ချန်က သူ့နှာခေါင်းဒဏ်ရာကို ထိမှာစိုးလို့ ခေါင်းကို နောက်လှည့်ကာ ကမန်းကတန်းရှောင်လိုက်သည်၊

သို့သော် ဖုခွင်းရဲ့ ပစ်မှတ်က သူ့နှာခေါင်းကို မဟုတ်ဘဲ သူ့ရဲ့ ဗိုက်ကိုဖြစ်သည်။

ဖုခွင်းက ဗိုက်ကိုထိုးခံရတာက ဘယ်လိုခံစားရလဲဆိုတာကို ကောင်းကောင်းသိသည်၊ သူ အရင်တုန်းက စားပွဲရယ် နံရံရယ်ကြားမှာ ညှပ်ခံရဖူးပြီး စားပွဲက ဗိုက်ကို ထိုးမိလိုက်တဲ့အခါ သူ့ခမျာ ကောင်းကောင်းတောင် စကားမပြောနိုင်ဘူးဖြစ်သွားသည်။

စွန်းဝေက သူ့ထက်စာရင် ပိုရိုးရှင်းပြီး ကြမ်းတမ်းသည်၊ ခေါင်းကိုသာ တိုက်ရိုက် ရိုက်နှက်နေတာဖြစ်သည်။

ဝမ်ကျစ်ချန်က ထန်ကျွင့်နဲ့အခြားသူများရှေ့ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပေါ်သို့ လဲကျသွားလေသည်။

ဒါပေမယ့်နောက်ပိုင်းကျ ဖုခွင်းနဲ့ စွန်းဝေတို့ လက်ဦးမှုရယူဖို့ အခွင့်အရေးက သိပ်မရှိတော့ဘူး၊

တခြားအဖွဲ့က အလယ်တန်း တတိယနှစ်က လူဆိုးဂိုဏ်းဖြစ်ပြီး လူတွေကလည်း အရပ်ရှည်ကာ ထွားကြသည်၊ အစကတည်းက တခြားလူများထက် သာအောင် လုပ်ဆောင်နိုင်သူများဖြစ်ပြီး ကျောင်းလုံခြုံရေးရဲ့ မောင်းထုတ်တာခံလာရတာကလည်း အရှက်ရဖို့တော်တော် လုံလောက်နေပြီဖြစ်သည်၊ အခုလည်း ချက်ချင်းကြီး အရင်ဦးအောင် ဆော်ခံလိုက်ရတယ်ဆိုတော့ ပွတ်ပွတ်ဆူလေပြီ။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Donde viven las historias. Descúbrelo ahora