အခန်း ၇၂

2.4K 429 20
                                    

အခန်း ၇၂

ဖုခွင်း စွန်းဝေထံသို့ ငွေလွှဲပြီးနောက် စွန်းဝေထံမှ IOU  အမြန်ချောစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ပြန်ဆပ်ရမည့်အချိန်က နောက်လ ၂၅ ရက်နေ့မတိုင်မီ ဖြစ်မည်ဟု သဘောတူညီခဲ့​ကြသည်။

ဖုခွင်း စွန်းဝေရဲ့ ခွေးကိုက်သလိုရေးထားတဲ့  စာလုံးတွေကို ကြည့်ပြီး ပြုံးလိုက်သည်။ IOU ကို သူ ဂရုမစိုက်ချေ။  သူနဲ့ စွန်းဝေက တစ်ယောက်ကို တစ်ယောက် အနှစ်နှစ်ဆယ်လောက် သိလာကြတာ၊  အတူတူ ရန်ဖြစ်ရင်း အရိုက်ခံရရင်တောင် စွန်းဝေက သူ့အတွက် အရိုက်ခံ​ပေးတာ ဘယ်လောက်တောင် ရှိလဲ ဆိုတာ မမှတ်မိတော့လောက်အောင် နှစ်တွေအကြာကြီး ခင်မင်ရင်းနှီးခဲ့တာဆိုတော့ ၊ ဒီပိုက်ဆံက သူ တတ်နိုင်သလောက် ချေး​ပေးမှာ အသေအချာပဲ။

စွန်းဝေ  သာမဟုတ်ရင် သူလည်း ပိုက်ဆံချေး​ပေးမှာမဟုတ်ဘူး။

IOU လက်ခံရရှိကြောင်း သူ  စွန်းဝေထံ စာတိုပေးပို့ခဲ့သည်။

စွန်းဝေက သူ့ဆီစာပြန်ဖို့ အချိန်အတော်ကြာယူခဲ့ပြီး "ခွင်းလေး ၊ မင်းက မိတ်​ဆွေအစစ်ပဲ၊ ဒီဘဝမှာ မင်းအတွက် ငါ အရာအားလုံးကို ​ပေးဆပ်ပါ့မယ် ။"

ဖုခွင်း ထိုမက်ဆေ့ချ်ကြောင့်  ကြည်နူးမိသည်၊ ဒီလူသည် နှစ်နည်းနည်းကြာလာတာနဲ့အမျှ ပို​ပြီး စိတ်ညစ်ဖို့ ကောင်းလာတယ်။

လက်ထဲတွင် ငွေအနည်းငယ်ရှိနေသေးသည် ၊ ချန်ချင်းချင်းက  ပြန်လည်ပြုပြင်တာလုပ်ဖို့ ငွေပေးချေမှု ပြီးမြောက်တဲ့အထိ စောင့်ဖို့ မလိုအပ်ဘူးလို့ ဆိုသည်၊ ဘာပဲဖြစ်ဖြစ် အသိမိတ်ဆွေတွေက စိတ်ပြောင်းမည်မဟုတ်၍ အခု ပြန်လည်မွမ်းမံဖို့အတွက် လက်ထဲတွင် ငွေက လုံလောက်လုနီးပါးဖြစ်သည်။

အလှဆင်ခြင်းမှာ ကြမ်းပြင်၊ နံရံနှင့် တံခါးမျက်နှာစာမျှသာဖြစ်ပြီး "မွမ်းမံပြင်ဆင်ခြင်း" ကြောင့် ဖုခွင်း  စတိုးဆိုင်၏ ဒီဇိုင်းကို အားစိုက်ထုတ်ကာ စတိုးဆိုင်မှ အခြားသူများ မည်သို့လုပ်ဆောင်သည်ကို ကြည့်ရှုရန် စတိုးဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင် လှည့်လည်ကြည့်ရှုပြီး ပြန်​ရောက်ရင် သူတို့ဆိုင်ရှေ့ကို ကြည့်ရှုသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Nơi câu chuyện tồn tại. Hãy khám phá bây giờ