အခန်း ၇၅

2.5K 454 17
                                    


အခန်း ၇၅

ဖုခွင်း  ဆေးရုံရှေ့ လှေကားထစ်များပေါ်တွင် စီးကရက်တစ်လိပ်ကို ပါးစပ်ထဲထည့်ကာ မီးမညှိထားဘဲ နေလိုက်သည်။ အမြဲတမ်း ဆေးလိပ်မသောက်တာမို့ မီးခြစ်ဝယ်ရန် သူ မေ့သွားခဲ့သည်။ အများအားဖြင့် ဆေးလိပ်မသောက်တတ်သူများ ဆေးလိပ်ဝယ်တဲ့အခါ အထောက်အကူပြုပစ္စည်း​တွေကို ​မေ့ထားတတ်ကြသည်။

သူ့ဘေးနားက ဦးလေးတစ်ယောက်က သူ့ကို အချိန်အကြာကြီး ကြည့်​နေပြီးမှ မီးခြစ်တစ်လုံး ကမ်းပေးကာ "ကောင်​လေး၊ မီး​ခြစ်မပါလို့လား"

"ကျေးဇူးတင်ပါတယ်" ဖုခွင်း မီးခြစ်ကိုယူကာ စီးကရက်ကို မီးညှိလိုက်သည်။

နှစ်ဖွာသောက်ပြီးနောက် စီးကရက်ကို လက်မှာညှပ်ရင်း ဘေးနားရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

မင်း ဆေးလိပ်ဖြတ်လို့ရမလား  ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူး။

ဖုရိကျယ် သူ့ကို အရင်တုန်းက ပြောခဲ့သောစကားဖြစ်ပြီး ထိုအချိန်မှစ၍ သူ ဆေးလိပ်မသောက်တော့ပေ။

သူ့လက်ထဲက လက်ကိုင်ဖုန်းရဲ့ မျက်နှာပြင်က ပွင့်သွားပြီး ကြာကြာမနေဘဲ ပြန်ပိတ်သွားသည်။

သူ့လက်ကိုင်ဖုန်းကို အသံတိတ်ဖြစ်အောင် လုပ်လိုက်ပြီး မနက်ကနေ အခုထိ ဖန်သားပြင်မီးလင်းလာတိုင်း သူမှတ်ထားမိသည် ဖုန်းခေါ်ဆိုမှု နှစ်ဆယ့်ခုနစ်ကြိမ်နဲ့ မက်ဆေ့ချ်ငါးစောင်ကို ဝင်ထားသည်။  သူ့မှာကြည့်ဖို့ သတ္တိမရှိဘူး၊ ဖုရိကျယ် ရင်ဆိုင်နေရတဲ့ ဖိအားတွေ၊ သူ့အတွေးတွေနဲ့ သူလုပ်ရမယ့် ဆုံးဖြတ်ချက်တွေအကြောင်း ဖုရိကျယ်ကို ဘယ်လိုပြောပြရမလဲ သူ မသိဘူး။

ပထမဆုံးအကြိမ်အဖြစ် သူ မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရသည်။

“သွားကြစို့” လောင်မားရဲ့ အသံက သူ့နောက်မှ ထွက်ပေါ်လာသည်။

ဖုခွင်း  လန့်ဖျပ်သွားပြီး "ဘယ်လိုလဲ"

"အစာအိမ် အပြင်းနာတာ" လောင်မားက  မျက်မှောင်ဘကြုတ်ပြီး လောင်ပါးကို ငုံ့ကြည့်လိုက်ကာ "ရှင် သောက်ပဲသောက်​နေတာကို၊ ပုံမှန်ကမစားဘူး၊ လုံးဝ ဂရုမစိုက်ဘူး"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now