အခန်း (၁၉)

3.7K 606 27
                                    

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကြောင်နေကြသည်၊ ဖုခွင်းရဲ့နောက်မှာ နံရံသာကျန်တော့ပြီး နောက်ဆုတ်ဖို့ရာ မရှိတော့ဘူး၊ ဖုရိကျယ်က မျက်လုံးတွေ ဆုံလုနီးပါးဖြစ်နေတာတောင် နောက်မဆုတ်ဘဲနဲ့ သူ့ကိုသာ စိုက်ကြည့်နေသည်။

"မင်းငါ့ကို ဘာလို့လျှက်တာလဲ" ဖုခွင်းက ပါးစပ်ကို သုတ်လိုက်ပြီး သူ့ကိုတွန်းကာ "အရသာခံတာလား၊ မင်းဘာလုပ်ချင်နေတာလဲ?"

ဖုရိကျယ် ခုထိ စကားမပြောသေးဘူး၊ စက္ကန့်နည်းနည်းလောက်ကြာအောင် စိုက်ကြည့်နေပြီးမှ ရုတ်တရပ် ထိတ်လန့်သွားသလို အလန့်တကြား ခုတင်ပေါ်မှ ခုန်ချပြီး ဖိနပ်တောင် မဝတ်နိုင်ဘဲ အခန်းလေးထဲကနေ ထွက်ပြေးသွားလေသည်။

ဖုခွင်း ဘောင်းဘီတွေပြန်ဝတ် ဖိနပ်တွေပြန်ဝတ်ပြီးတဲ့အချိန်တွင် ဖုရိကျယ်က တိုက်ခန်းထဲမှာတောင် မရှိတော့ ဧည့်ခန်းထဲတွင် တီဗီကြည့်နေသော လောင်ပါးနဲ့လောင်မားသာရှိသည်။

"မင်းညီလေးက ဘာဖြစ်တာလဲ? ဗိုက်နာနေတာတဲ့လား?" လောင်ပါးက သူ့ကိုလှမ်းကြည့်လိုက်ပြီး "ဟေး၊ ငါ့သားရဲ့ ခန္ဓာကိုယ်က တကယ် မဆိုးဘူးပဲ"

ဖုခွင်း ချက်ချင်းလက်ကိုမြှောက်လိုက်ပြီး ကာယဗလမောင်လို ပို့စ်မျိုးလုပ်ပြကာ " ဖုကျန့်ကော် လူကြီးမင်း၊ ခင်ဗျားက တကယ် အမြင်ရှိတာပဲ"

တျိုးတျိုးက ဆိုဖာဘေးမှာ လှဲနေပြီး နှာခေါင်းက လေသံတွေနဲ့အတူ သူ့ကိုမော့ကြည့်နေသည်။

"ဟွေလုံ သမင်တွေတောင် လှနေသေးလို့၊ ခွေးတောင် သက်ပြင်းချကုန်ပြီ" လောင်မားက သူ့ကို တစ်ချက်တောင် မကြည့်ဘဲ "ရိကျယ်က ဘာလို့ထွက်သွားတာလဲ၊ အလောတကြီးနဲ့ ဖိနပ်တောင် မစီးနိုင်ဘူး"

"မသိဘူး" ဖုခွင်း ကာယဗလမောင်ပြဖို့ ထလာတာမဟုတ်ဘူး ဆိုတာကို သတိရသွားပြီး တံခါးကို အလောတကြီးဖွင့်ကာ ပြေးထွက်သွားသည်။

ဖုခွင်း ဖုရိကျယ်ကို ရှာစရာမလိုချေ ဖုရိကျယ် ဘယ်ကိုသွားတတ်သလဲဆိုတာကို သူသိသည်၊ ဒီကလေးက ပုံမှန်ဆိုရင်တောင် စကားနည်းရတဲ့ကြားထဲ စိတ်ကောက်ပြီဆိုတာနဲ့ သူ့ကို အချိန်တစ်ခုလောက်အထိ စကားမပြောတော့သည့်အပြင် အသံကို ထွက်မလာတော့ဘူး။ ပြီးတော့ တိုက်အနောက်ဘက်က အဲ့ဒီ တျိုးတျိုးကို တစ်လလောက် ထားထားတဲ့ အပျက်အစီးတွေထားတဲ့ စတိုခန်းထဲမှာသာ တိတ်တိတ်လေး သွားနေနေသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now