အခန်း ၆၆

2.5K 416 11
                                    

အခန်း ၆၆

ကျန်းဆုန်းက  ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့တာကို အဆောင်ထဲက အခြားဘယ်သူကမှ အလေးအနက်မထားခဲ့ကြသော်လည်း လျိုဝေကတော့ ကျန်းဆုန်းနဲ့ ဖုရိကျယ် ကိုမြင်တိုင်း ရက်အတော်ကြာအောင် ဆက်တိုက် ရှုံ့တွနေသော မျက်နှာဖြင့် ​ကြည့်​နေပြီး သူ့ဆီကို ယွမ်တစ်သန်းလောက် အကြွေးတင်ထားသလိုပင်။

ကျန်းဆုန်းက  သူ့ကို သိပ်ဂရုမစိုက်ပဲ နေ့တိုင်း အရင်လိုပင်၊ အတန်းတက်ချိန်တက်လိုက်၊ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ အပြင်ထွက်လည်လိုက် လုပ်နေသည်။

ဖုရိကျယ်လည်း ဘာမှမပြောချေ၊ စာအုပ်တွေထဲမှာသာ မြှုပ်နှံထားပြီး စာသင်ခန်းနဲ့ စာကြည့်တိုက်သွားတာအပြင် သူလုပ်တာဆိုလို့ စတော့ဈေးကွက်ကြည့်တာသာရှိသည်။

အရင်က ဝူဖျင်ရှန်းနဲ့ ရွီဟောင်က လျိုဝေကို စကားပြောဖို့ရာ အစပျိုးကြသော်လည်း အခုတော့ လျိုဝေအဆောင်ထဲတွင် ရှိနေရင်တောင် စကားမဟကြတော့ဘဲ မရှိတဲ့လူလို လေ လိုသာ ဂရုမစိုက်ဘဲ နေနေကြသည်။

"ဘယ်သူကများ သိပါ့မလဲ သူဒီလို ရှက်စရာကောင်းတဲ့ စကားတွေ ပြောထွက်တယ်လို့" ရွှီဟောင်က ထမင်းစားရင်း စိတ်မသက်မသာနဲ့ ပြောလိုက်သည်၊ "ငါသူ့ကို တကယ် သည်းမခံနိုင်တော့ဘူး။ သူတို့လို စာသင်တဲ့ထဲမှာပဲ  နှစ်မြုပ်ထားတဲ့ လူတွေက ဒီလိုပဲ ပြောတတ်တာလား။ သူနဲ့ဖုရိကျယ်က ဘာလို့ ဒီလောက်တောင် စရိုက်က မတူဘူး ဖြစ်နေရတာလဲ။ "

"သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ တစ်ခုခုတော့ ဆက်စပ်မှုရှိမှာပေါ့" ဝူဖျင်ရှန်းက  တိုးတိုးလေးပြောပြီး "အရင်က မာကျားကြွယ်..."

"ပြောမနေနဲ့တော့!" ကျန်းဆုန်းက စုတ်သပ်ပြီး "လျိုကျားဝေ ညဘက်ကြီး  ငါတို့ကို ဓားနဲ့ခုတ်သွားမှာကိုပဲ သတိထားကြ"

"ငါ့ကိုခုတ်ဖို့ဆို နည်းနည်းတော့ အားထုတ်ရလိမ့်မယ်" ရွှီဟောင်က သူ့ဗိုက်ကို ပုတ်လိုက်ပြီး "ဒါကို ဓားနဲ့တော်​တော်ထိုးယူရမှာ"

ဖုရိကျယ်က  ရယ်ပြီး အသားကို ကိုက်ဝါးကာ "ဒါက အကာအကွယ်ဝတ်စုံလည်း ဟုတ်​​နေတာပဲ။"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Donde viven las historias. Descúbrelo ahora