အခန်း (၁၇)

3.4K 581 10
                                    

ဖုခွင်းနဲ့ ဖုရိကျယ်တို့နှစ်ယောက် ဒီလောက်နှစ်တွေအကြာကြီးမှာ ညီအစ်ကိုမေတ္တာကို ပြသဖို့ ကိစ္စကြီးကြီးမားမားတွေ မရှိခဲ့ဘူးဆိုပေမယ့် ရံဖန်ရံခါ စကားများ ရန်ဖြစ်တာက လွဲလို့ ပုံမှန်အချိန်တွေဆို အခြေခံအားဖြင့် အေးအေးချမ်းချမ်း ရှိလှသည်၊ ဖုရိကျယ်က ဉာဏ်ထက်ပြီး ဖုခွင်းရဲ့ ဒေါသကလည်း တခြားမှာလို မဟုတ်တော့ဘဲ ဖုရိကျယ်ရှေ့မှာဆိုရင်တော့ သူ့ကိုယ်သူ ကိုကိုတစ်ယောက်ဆိုတာ သတိရပြီး ရန်ဖြစ်တာ ဘာညာတွေ မလုပ်တတ်ချေ။

မင်း စိတ်ပူစရာ မဟုတ်ဘူး။

ဒီစကား ဖုရိကျယ် ပထမဆုံးအကြိမ် ပြောခြင်းဖြစ်သည်၊ ဒါက သူတို့နှစ်ယောက် ဖုခွင်း ပန်းချီက ဘာဖြစ်တယ်၊ ဘယ်ဂိမ်းကို ကစားမယ်ဆိုတာမျိုးကို ငြင်းခုံပြောဆိုခဲ့တာတွေနဲ့ မတူဘူး။

ဖုခွင်း အရမ်းကို တုန်လှုပ်သွားသည်၊ အမြဲတမ်း ဘာကိစ္စပဲရှိရှိ သူ့ကိုလာပြောပြတဲ့ညီလေးက ရှင်းရှင်းလင်းလင်းကို ပြောလာတာက မင်းစိတ်ပူစရာမလိုဘူးတဲ့။

သူ့ကိစ္စဟုတ်မဟုတ်ကို သူဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူး သူတွေးထားတာက ညီလေးရဲ့ကိစ္စကို သူမှ ဂရုမစိုက်ရင် ဘယ်သူက လာဂရုစိုက်မှာလဲ!

ဒါပေမယ့် အခုတော့!

"မင်းဘာပြောလိုက်တာလဲ" ဖုခွင်း နည်းနည်း ဒေါသထွက်သွားသည်၊ ဒီကောင်စုတ်လေးက နည်းနည်းကြီးလာပြီဆိုတာနဲ့ စိတ်ကြီးဝင်နေပြီပေါ့လေ။

"မင်း ဂရုမစိုက်စေချင်ရင်လည်း မစိုက်ဘူး"

ဖုရိကျယ် ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွားသည်၊ ဘာပဲပြောပြော သူ ဒီကိစ္စကိုတော့ ဖုခွင်းကို ပြောပြမှာ မဟုတ်ဘူး။

"ဖုရိကျယ်" ဖုခွင်းက အော်ထည့်လိုက်ပြီး သူထိုင်နေတဲ့ခုံကို ကန်လိုက်ကာ "မင်း ငါပျော်လွန်းလို့ ဝင်ပါနေတယ်များ ထင်နေလား၊ မင်းသာ ငါ့ညီမဟုတ်ဘူးဆိုရင်............"

"ပျော်လို့ဝင်ပါတာ မဟုတ်ဘူးဆိုရင်လည်း မပါနဲ့တော့" ဖုရိကျယ်က နားထဲ လက်ထိုးထည့်ကာ ပိတ်လိုက်ပြီး စားပွဲပေါ် မှောက်အိပ်နေတော့သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now