အခန်း (၂၀)

4K 613 31
                                    

ဖုခွင်း သူ့ကိုယ်သူတော့ ဒီရှိတ်ထိုးထားတာက ကတုံးနဲ့ မတူဘူးလို့ တွေးထားပေမယ့် လောင်မားက မနက်မိုးလင်းလို့ သူအပြင်ထွက်မယ်ပြင်တာနဲ့ ဦးထုပ်တစ်လုံးကို ဆောင်းခိုင်းနေပြီး သူကလည်း ဘယ်လိုမှ လက်မခံနိုင် ဖြစ်နေသည်။

"တကယ် လူကောင်းတစ်ယောက်နဲ့ကို မတူဘူး" လောင်မားက အဝါရောင်ဦးထုပ်ကို ဆောင်းဖို့ယူလာပေးပြီး သူ့ရှေ့ ရောက်တာနဲ့ "အရင် ဆံပင်အရှည်နဲ့တုန်းကတောင် လူကောင်းနဲ့မတူပါဘူးဆို............"

"ဒါက ဘယ်လိုဦးထုပ်ကြီးလဲ" ဖုခွင်းက ဦးထုပ်ကို ယူကာ တစ်ချက်ကြည့်လိုက်ပြီး စားပွဲပေါ်ပြန်တင်ထားလိုက်ကာ "ဒါက ရိကျယ်ရဲ့ ဦးထုပ်အဝါလေးမို့လား၊ သားဒါကို ဝတ်လိုက်ရင် ခေါင်းတုံးနဲ့ထက်တောင် လူတွေက ပိုကြောက်ကြမယ်ထင်တယ်"

"ဒါဆို ဘယ်လိုလုပ်မှာလဲ? မင်းအဖေရဲ့ ဖိနပ်တိုက်တဲ့ အရောင်တင်ဆေးနဲ့ မင်းခေါင်းကို မည်းအောင် သုတ်ပေးလိုက်ရမလား? လောင်မားက သူ့ကိုဆွဲထားပြီး အပြင်ကိုမထွက်ခိုင်းချေ။

"မဟုတ်သေးဘူး၊ ဒီလို သနားစရာကောင်းတာတွေပဲ ရှိတာလား?" ဖုခွင်း ဘာမှတောင် ပြန်မပြောနိုင်သလိုဖြစ်သွားပြီး ဖုရိကျယ်ဘက်ကို လှည့်ကြည့်လိုက်ကာ "ရိကျယ်၊ မင်း အမှန်အတိုင်းပြောကြည့်၊ မင်းအစ်ကို အခုအရမ်းရုပ်ဆိုးနေလို့လား?"

ဖုရိကျယ်က တံခါးကိုမှီကာ မျက်လုံးများ ကွေးညွတ်သွားအောင် ရယ်လိုက်ပြီး "အမှန်အတိုင်း ပြောရမှာလား?"

"ထားလိုက်တော့ မပြောနဲ့တော့" ဖုခွင်း သူ့ကို ဒီလိုမျိုးကြည့်နေတာမြင်လိုက်တော့ ယုံကြည်ချက်က မရှိတော့ဘူး။

"ကြည့်ကောင်းတယ်" ဖုရိကျယ်က ပြောလိုက်သည်။

"အမ်?" ဖုခွင်း အံ့ဩသွားသည်။

"အရမ်း ကြည့်ကောင်းတယ်" ဖုရိကျယ်က သူ့မျက်နှာကို လက်နဲ့ကာလိုက်ပြီး လောင်မားရဲ့ အကြည့်ကို ရှောင်လိုက်ကာ "ငါတော့ သဘောကျတယ်"

"မကြားရဘူး!" ဖုခွင်းက ချက်ချင်းပျော်သွားပြီး လောင်မားရဲ့လက်ကို ဖြုတ်လိုက်ကာ အပြင်ကို ပြေးထွက်သွားပြီး "ငါ့ညီပြောတာတော့ သူသဘောကျတယ်တဲ့...."

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now