အခန်း ၇၀

2.7K 446 23
                                    


အခန်း ၇၀

ကျန်းဆုန်းက  ဒါကို မေးပြီးတာနဲ့ ဖုရိကျယ်ရဲ့ အဖြေကို စောင့်ဖို့ ကြံရွယ်ထားပုံမပေါ်​ပေ။ လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ရှေ့ကို ဖြည်းညှင်းစွာ လျှောက်သွားသည်။

ဖုရိကျယ်  ဘာမှမပြောဘဲ သူ့နောက်ကနေ လိုက်သွားပြီး အချိန်အတော်ကြာမှ ဖြည်းဖြည်း နောက်ပြန်ဆုတ် မိသည်။

သူနဲ့ ကျန်းဆုန်းက  များသောအားဖြင့် ဒီအကြောင်းတွေကို သိပ်မပြောတတ်ဘူး၊ သူက​လည်း ပြောရတာ မကြိုက်သလို ကျန်းဆုန်း  ကလည်း မေးရတာ မကြိုက်ဘူး။

ကျန်းဆုန်းက သူ့ကို တိုက်ရိုက်မေးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဒါက..........အရမ်းတည့်တိုးဆန်တယ်။

ကျန်းဆုန်း၏ ပင်ကိုယ်စရိုက်အရ 80-90 ရာခိုင်နှုန်းနီးပါး မသေချာသေးပါက ထိုမေးခွန်းကို သူမေးမည်မဟုတ်ကြောင်း ဖုရိကျယ်  ခံစားမိသည်။

သူသွားမယ့်စတိုးဆိုင်တံခါးနားရောက်ခါနီးမှာ ဖုရိကျယ်က  "မင်း​မေးတာ တကယ်​တော့ ငါ ဖြေစရာ မလို​တော့ဘူး မဟုတ်လား"

"  မင်းဖြေစရာမလိုရင် ငါကလခွမ်းလို မေးနေအုန်းမှာလား" ကျန်းဆုန်းက လှည့်မ​ကြည့်ဘဲ "ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ထင်သလို မှန်းဆလို့ မရဘူး​လေ၊ မင်းကိုမေးရမှာပေါ့၊ ဒါကတခြားလူလည်း မဟုတ်ဘူး၊  မင်း​​ကော​လေ။"

ဖုရိကျယ်က  တုံ့ဆိုင်းစွာ ပြုံးလိုက်ပြီး မှန်ပါတယ်၊ တကယ်လို့ တခြားလူသာဆို ကျန်းဆုန်းက  မေးမှာမဟုတ်ဘူး၊ ကျန်းဆုန်းလို ဘာမှဂရုမစိုက်တဲ့ လူတစ်ယောက်တောင်မှ ဒီလိုအရာတွေကို ထင်သလို မှန်းဆလို့မရဘူးဆိုတာ တွေးမိသည်။

သူအသက်ရှုကြပ်သွားပြီး ကျန်းဆုန်းက  ဆိုင်ထဲသို့ဝင်ခါနီးတွင် ကျန်းဆုန်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ၊ ဒီအချိန်ကို လွတ်သွားရင် သူ့စိတ်ထဲတွင်ရှိသည့်အရာကို ထုတ်ပြောလိုသော်လည်း အခွင့်အရေးကော  သတ္တိပါ ပြန်မရနိုင်တော့ပေ။

"မှန်ပါတယ်" ဖုရိကျယ်က  သူ့အသံက အနည်းငယ် ​လောနေပေမယ့် "အဲ့ဒါ ဖုခွင်းပဲ"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now